Ka Pae Ranasingam (2020)


 

Rating : 7.5/10
Country : India
Genre : Drama
Cast : Aishwarya Rajesh, 'Poo' Ram, Samuthirakani
Released Date : 2020
Duration : 2h 57min

အညွှန်း
ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံ တမီလ်နာဒုပြည်နယ် ရာမာနသပူရမ်ဆိုတဲ့မြို့လေးမှာ ဖြစ်ပွားခဲ့တဲ့
တကယ့်အဖြစ်အပျက်ကိုအခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ရာနာဆင်ဂမ်ဆိုတဲ့လူငယ်လေးဟာ ရပ်ရွာအကျိုးသယ်ပိုးတဲ့ တာဝန်သိပြည်သူတစ်ယောက်ပေါ့ဗျာ…
လယ်သမားအရေး စက်ရုံလုပ်သားအရေးအတွက်ဆို ရှေ့တန်းထွက် မားမားမတ်မတ်ရပ်တည်ပေးတဲ့
ဆင်းရဲသားပြည်သူတွေရဲ့ မီးရှူးတန်ဆောင်တစ်ဦး…
ဒီလိုလူမျိုးမှာ လူချင်လူခင်ပေါသလို လူမုန်းလည်းများတတ်တယ်…ရာနာဆင်ဂမ်ဟာ အာရီနာချီဆိုတဲ့ကောင်မလေးနဲ့ထိမ်းမြားခဲ့တယ်…
ထိမ်းမြားစဉ်ကာလက မာရှယ်လောထုတ်ထားတဲ့အတွက် သိုသိုသိပ်သိပ်ပဲ
မင်္ဂလာပွဲကျင်းပနိုင်ပြီး ထိမ်းမြားခြင်းမှတ်ပုံမတင်လိုက်ရဘူး…
စီးပွားရေးကြပ်တည်းလာတော့ မိသားစုဝမ်းရေးအတွက် ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ ထွက်သွားတဲ့
ရာနာဆင်ဂမ်တစ်ယောက် ကံအကြောင်းမလှစွာဘဲ အက်ဆီးဒင့်တစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်…အာရီနာချီဟာ လင်ယောက်ျားအလောင်းကို အိန္ဒိယပြန်သယ်ဖို့ကြိုးစားတော့ အလောင်းကိုပြန်မပေး
လာခဲ့တဲ့အခါ သူတို့ဘာလို့များအလောင်းကို ပြန်မပေးရတာလဲ…
ရာနာဆင်ဂမ်ဟာ တကယ်ပဲသေဆုံးခဲ့တာလား…
သေဆုံးတယ်ဆိုရင်ကော ရိုးရိုးသားသားအက်ဆီးဒင့်ကြောင့်ပဲလားဆိုတဲ့အချက်လေးတွေနဲ့
စိတ်ဝင်တစားကြည့်ရှုရမှာပါ…ဒီဇာတ်ကားလေးမှာ ဇနီးမယားတစ်ယောက်ရဲ့ လင်ယောက်ျားအပေါ်ထားရှိတဲ့
မလျှော့သောဇွဲမေတ္တာတရားနဲ့ ချစ်ခြင်းမေတ္တာတွေအပြင်…တချို့အစိုးရပိုင်းဌာနတွေက
အရာရှိကြီးများရဲ့ တာဝန်ဝတ္တရားပျက်ကွက်ပုံတွေကို အမိအရဖေါ်ပြထားတဲ့ ကားကောင်းလေးတစ်ကား
ပဲဖြစ်ပါတယ်…

0 comments:

Post a Comment