Desi Boyz (2011)


Rating : 5.7/10
Country : India 
Genre :   Comedy, Drama 
Cast :   Akshay Kumar, John Abraham, Deepika Padukone
Released Date : 2011
Duration :   2h 2min 

အညွှန်း

ဒီကားလေးကတော့ Bollywood ကားတွေထဲမှာ Old But Gold လို့


ပြောလို့ရတဲ့အထိကောင်းတဲ့ကားလေးတစ်ကားဖြစ်ပါတယ်...


ဇာတ်လမ်းအညွှန်းကတော့ နစ်နဲ့ဂျယ်ရီဆိုတဲ့ အလွန်ချစ်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ်..


သူတို့ဟာ တစ်အိမ်ထဲမှာအတူတူနေကြပြီးတော့


တစ်ယောက်ကိုအလုပ်တစ်ခုစီနဲ့အောင်မြင်အောင်ကြိုးစားနေကြသူတွေလည်းဖြစ်ပါတယ်..


နစ်ကတော့ စီးပွားရေးဘွဲ့တစ်ခုရပြီးတော့ အထက်တန်းကျကျအလုပ်တစ်ခုမှာ


အလုပ်လုပ်နေပါတယ်...


ရိုးသားတဲ့ ဂျယ်ရီတစ်ယောက်ကတော့ ကြုံရာကျပန်းလုပ်တဲ့သူဖြစ်ပြီးတော့


ကျောင်းပြီးအောင်ဆက်မတက်တော့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်....


သူတို့နှစ်ယောက်စလုံးရဲ့ဘဝတွေဟာ အလုပ်တွေရှိစဉ်အချိန်က


တောက်တောက်ပြောင်ပြောင် ဖြစ်နေပေမယ့်


သူတို့နှစ်ယောက်ကံဆိုးစွာနဲ့ အလုပ်လက်မဲ့ ဖြစ်လာတဲ့အခြေနေမှာတော့


နှစ်ယောက်စလုံးအကျပ်ရိုက်ကုန်ကြပါတော့တယ်...


နစ်လည်းသူ့ကောင်မလေးကို မင်္ဂလာဆောင်ဖို့တောင်အနိုင်နိုင်ဖြစ်သွားခဲ့ရပြီး


ဂျယ်ရီတစ်ယောက်မှာလည်း သူအရမ်းချစ်ရတဲ့ကလေးလေးကို


ပိုင်ဆိုင်ခွင့်ဆုံးရှုံးရမယ့် အခြေနေကိုရောက်လာပါတော့တယ်...


ဒီအချိန်မှာ သူတို့နှစ်ယောက်အတွက် လက်တစ်စုံဟာကျရောက်လာပါတယ်...


ဒါကတော့ Desi Boyz ပိုင်ရှင်ဟာ သူတို့ရဲ့ တောင့်တင်းလှတဲ့


ကိုယ်အရွယ်အစားတွေကိုမျက်စိကျသွားတာကြောင့်ပါ....


Desi Boyz ဆိုတဲ့ အသုံးအနှုန်းကိုနားမလည်သူတွေအတွက် ပြောပြပါရစေ..


Desi Boyz ဆိုတာ ဆွဲဆောင်မှု့ရှိတဲ့ အမျိုးသားတွေကအလိုဆန္ဒရှိတဲ့


အမျိုးသမီးတွေအတွက် Personal Privacy လုံခြုံမှု့ရှိတဲ့ဖျော်ဖြေရေး


ဝန်ဆောင်မှု့ဖြစ်ပါတယ်...(18+ လုံးဝမပါပါ....)


ဒီလိုမိန်းကလေးတွေနဲ့ပျော်ပါးနေရတဲ့ အလုပ်ကို နစ်ရဲ့ကောင်မလေးသိသွားတဲ့အခါ


ပြသနာတွေ အကုန်စလာပါတော့တယ်....


Bollywood ကားတွေရဲ့ထုံးစံအတိုင်း သီချင်းတွေကတော့


တကယ်ကိုအမိုက်စားတွေပါ...


ခဏခဏပြန်နားထောင်ရတဲ့အထိကိုကောင်းလွန်းပါတယ်...


မိသားစုနဲ့အတူတူ ရယ်မောရင်းနဲ့ အချိန်တွေကိုကုန်ဆုံးချင်တယ်ဆိုရင်တော့


ဒီကားလေးကို ညွှန်းပါရစေ...


အားလုံးကြိုက်နှစ်သက်ကြမယ့် ကားကောင်လေးတစ်ကားဖြစ်ပါတယ်....



 

0 comments:

Post a Comment