Death of Me (2020)


 

Rating : 4.4/10
Country : United State
Genre : Horror, Mystery, Thriller 
Cast : Maggie Q, Luke Hemsworth, Alex Essoe
Released Date : 2020
Duration : 1h 34min

အညွှန်း
နီးလ်အိုလစ်​ဗာနဲ့ ခရစ်စတင်းဆိုတဲ့ လင်မယားစုံတွဲဟာ ထိုင်းနိုင်ငံကို အလည်အပတ်ထွက်လာကြတာပါ။ အဲ့ခရီးစဥ်မှာ ကျွန်းဆွယ်တစ်ခုကိုသွားရောက်လည်ပတ်ခဲ့ကြပါတယ်။ ကျွန်းကလေးနေ မပြန်ခင်တစ်ရက်မှာ သူတို့စုံတွဲဟာ ညစာထွက်စားရင်း အရက်မူးပြီး အဲ့ညက ဖြစ်ပျက်ခဲ့တာတွေကို မမှတ်မိခဲ့ကြပါဘူး။

သူတို့ ပြန်မဲ့မနက်မှာ မုန်တိုင်းဖြစ်မယ်ဆိုတဲ့ ကြေငြာချက်ကြောင့် ပြန်ဖို့ အလောတကြီးဖြစ်နေတဲ့ အိုလစ်​ဗာတို့ဟာ သူတို့ရဲ့နိုင်ငံကူးဘက်မှတ်တွေ ပျောက်နေတာကို သိလိုက်ရပါတယ်။ အဲ့တာကြောင့် ကျွန်းလေးက ထွက်ခွာမဲ့ ကြိုပို့ယာဥ်နဲ့ မလိုက်ရပဲ ဆက်နေနေခဲ့ရပါတယ်။

ညကဖြစ်ရပ်တွေကို မမှတ်မိလို့ အမျိုးသားဖြစ်သူရဲ့ ကင်မရာမှာရိုက်ကူးထားတဲ့ မှတ်တမ်းကို ကြည့်ရှုလိုက်တဲ့ အချိန်မှာတော့ မထင်မှတ်ထားတာတွေမြင်တွေ့လိုက်ရပြီး ကြောက်မက်ဖွယ် အဖြစ်တွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ ဘာတွေဆက်ဖြစ်မလဲ သူတို့ အိမ်ပြန်နိုင်ကြဦးမှာလားဆိုတာကိုတော့ ဒီကားလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦး။

0 comments:

Post a Comment