Being Frank (2018)


 

Rating : 6.0/10
Country : United State
Genre : Comedy
Cast : Jim Gaffigan, Logan Miller, Anna Gunn 
Released Date : 2018
Duration : 1h 49min

အညွှန်း
Jim Gaffigan လို့ပြောလိုက်တာနဲ့ ဟာသကားကြိုက်တတ်သူတွေအဖို့တော့ စိမ်းလှမယ်မထင်ပါဘူး။မင်းသားကြီးဟာ ဟာသကားပေါင်းများစွာမှာ ဇာတ်ကောင်အမျိုးမျိုးအဖြစ် ပိုင်ပိုင်နိုင်နိုင် ပါဝင်သရုပ်ဆောင်ပြီးတဲ့နောက်မှာ
အခုလည်း ၂၀၁၈ထွက် being frank ဆိုတဲ့ဟာသကားလေးမှာ frank နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြန်ပါတယ်။ဇာတ်လမ်းလေးကတော့ အသက် ၁၇နှစ်အရွယ်သာရှိသေးတဲ့ ဖီးလစ်ဟာ နေရာတကာ ကလေးတစ်ယောက်လို ဆက်ဆံလွန်းတဲ့ ဖခင်ဖြစ်သူ ဖရန့်ခ်နဲ့ မတည့်လှပါဘူး။အမြဲတမ်း မိသားစုထက် အလုပ်ကိစ္စကိုသာ ဦးစားပေးလေ့ရှိပြီး အလုပ်ကိစ္စနဲ့သာ ခရီးခဏခဏ ထွက်နေရတဲ့ ဖရန့်ခ်ကို သားသမီးအကြောင်း ဘာမှမသိသူတစ်ယောက်အဖြစ်နဲ့ ဖီးလစ်က သတ်မှတ်ထားတာဖြစ်တယ်။
ဒါပေမယ့် တစ်နေ့နွေရာသီ အားလပ်ရက်တစ်ခုမှာ ဖီးလစ်ဟာ သူ့ဘဝတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့် လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် သူဘာဆက်လုပ်မလဲ?
ဖရန့်ခ်ကရော အိမ်မှာ အမြဲလိုလိုမရှိတတ်တာ အလုပ်ကိစ္စနဲ့ ခရီးသွားတာကြောင့်ဆိုတာ သေချာရဲ့လား?ဖရန့်ခ်နေရာမှာတော့ မင်းသားကြီး Jim Gaffigan က ပါဝင်သရုပ်ဆောင်ထားပြီး
ဖီးလစ်နေရာမှာတော့ I’m in the band ထဲက မင်းသား Logan Miller က ပါဝင်သရုပ်ဆောင်ထားပါတယ်။

0 comments:

Post a Comment