Batman: Death in the Family (2020)


 

Rating : 6.0/10
Country : United State
Genre : Animation, Action 
Cast : Bruce Greenwood, Vincent Martella, Zehra Fazal 
Released Date : 2020
Duration : 1h 36min

အညွှန်း
DC Fan ​တွေအတွက် အခု​မှ​လော​လောလတ်လတ်ထွက်ထားတဲ့ Showcase ​လေးတစ်ခုတင်ဆက်​ပေးချင်ပါတယ်။ တခြား​တော့မဟုတ်ပါဘူး DC Fan ​​တွေရဲ့အကြိုက် ဆရာဘတ်​ ​​ခေါ် Batman ရဲ့ Showcase ​လေးပါ။

ဇာတ်လမ်းအ​ကြောင်း​လေး မ​ပြောခင် DC Showcase ဆိုတာ​လေးကို တစ်ချက်ရှင်းပြမယ်။ DC Showcase ဆိုတာက ဇာတ်လမ်းအတို​လေး​တွေကို ထုတ်ရိုက်ထားတာပါ။ DC ရဲ့လူသိနည်းတဲ့ကာရိုက်တာ​တွေအတွက် ဇာတ်လမ်းတို​လေး​ပေါ့။ လူသိနည်းတယ်ဆိုပြီး Batman ကို အထင်​သေးမ​နေနဲ့ဦး။ အ​ရှေ့မှာ Superman ​တွေ Green Arrow ​တွေရှိထားပြီးသားပါ။

ပိုစတာအ​နေနဲ့က​တော့ Batman: Death in the Family ဖြစ်ပြီး​တော့ အသစ်အ​နေနဲ့ဆိုရင်လဲ ဒီတစ်ခုပါပဲ။ ကျန်တာ​တွေက အရင်ကထွက်ထားပြီးသား Showcase ​တွေကို စုထားတာပါ။ အကုန်​တော့မပါပါဘူး။ Batman ပြီးရင် Sgt.Rock, Death, The Phantom Stranger နဲ့ Adam Strange တို့ ပါဝင်ပါ​သေးတယ်။

October 13 မှ Blu-ray အ​နေနဲ့ ထုတ်မယ်​ပြောထားပြီး ဘယ်လိုဘယ်ဝါထွက်လာ​လဲ​တော့ မ​ပြောတတ်ပါဘူး။ Trailer ထဲကအခန်း​တွေ အကုန်​တော့လဲ မပါလာ​သေးဘူး။ ​နောက်ထပ် Showcase ​တွေမှာပဲ အဲ့ဒီအခန်း​တွေ ထပ်ပြီးထွက်လာဦးမယ်ထင်ပါတယ်။

0 comments:

Post a Comment