A Cat in Paris (2010)


 

Rating : 6.9/10
Country : United State
Genre : Animation, Adventure, Comedy
Cast : Dominique Blanc, Bernadette Lafont, Bruno Salomone 
Released Date : 2010
Duration : 1h 10min

အညွှန်း
ဒီ animation ကားလေးကတော့ Old but Gold လို့ ပြောလို့ရလောက်အောင် IMDb rating 6.9 တောင် ရရှိထားတာပါ။

ဇာတ်လမ်းလေးကတော့ thriller, adventure, comedy ပုံစံမျိုးမို့ လုံး၀ မပျင်းရဘူးဆိုတာ အာမခံပါတယ်။

Title အတိုင်းပဲ ဇာတ်အိမ်ကတော့ Paris မြို့မှာ အခြေခံထားတာပါ။ ကြောင်နက်ကလေး တစ်ကောင်နဲ့ပေါ့။

ဖတဆိုးလေး ဇိုးအီဟာ မိခင်ဖြစ်သူက အလုပ်များတာကြောင့် ဂရုစိုက် မခံရတဲ့ ကလေးလေးတစ်ယောက်ပါ။ သူ့ရဲ့အဖော်ဆိုလို့ ဒီနိုဆိုတဲ့ ကြောင်ကလေးပဲ ရှိပါတယ်။

မိခင်ဖြစ်သူက ရဲမေတစ်ယောက်ဖြစ်ပြီးတော့
ခင်ပွန်းကို သတ်သွားတဲ့ လူဆိုးဂိုဏ်းကို
ဖမ်းဖို့ ကြိုးစားနေတဲ့သူ တစ်ယောက်ပါ။

သမီးကို သေချာ ဂရုမစိုက်ပေးနိုင်တာကြောင့် ကလေးထိန်း ခေါ်ထားပေးရပါတယ်။

သူ ယုံကြည်လို့ သူ့သမီးကို စောင့်ရှောက်ပေးဖို့ ခေါ်ထားတဲ့ ကလေးထိန်းက သူ မထင်ထားလောက်အောင် ယုတ်မာနေတဲ့အခါမှာ သူ့သမီးလေး ဇိုးအီတစ်ယောက် လွတ်မြောက်နိုင်ပါ့မလား။

ကဲ Title အရ ကြောင်ကလေးကကော
ဘယ်လောက်ထိ အရေးပါနေမလဲဆိုတာကို စိတ်လှုပ်ရှားစွာ ကြည့်ရမှာပါ။

0 comments:

Post a Comment