Shubh Mangal Savdhan (2017)

Rating : 6.9/10
Country : India
Genre :   Comedy, Romance  
Cast :   Ayushmann Khurrana, Bhumi Pednekar, Seema Bhargava 
Released Date : 2017
Duration:  2h 59min


အညွှန်း
” အမေ – ဒီမယ် သမီး အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဆိုတာ လျှို့ဝှက် ရတနာသိုက် တစ်ခုလိုပဲ၊ ပြီးတော့ အဲ့ဒီရတာနာကလည်း အုတ်ဂူတစ်ခုထဲမှာ အလုံပိတ်ထားတာ။
ဘယ်အချိန်မှာ အဲ့ဒီအုတ်ဂူပွင့်သွားလဲသိလား

သမီး – တစ်ယောက်ယောက်က ရွှေတံခါးကြီး ဖွင့်ပါဦးလို့ ပြောတဲ့အချိန်လား

အမေ – ဘယ်ကသာ၊ မင်္ဂလာဦးညမှပွင့်တာ သမီးရဲ့၊ ခိုးသားလေးဆယ်အတွက် မဟုတ်ဘူးနော် အလီဘာဘာ တစ်ယောက်တည်း အတွက်ပဲ ပွင့်တာ

သမီး – ဒါဆို တကယ်လို့ အလီဘာဘာက အုတ်ဂူဆီ မရောက်ခဲ့ရင်ရော

အမေ – ဟင် ရောက်ရမှာပေါ့၊ အလီဘာဘာက အုတ်ဂူဆီရောက်ဖို့ပဲ မွေးလာတာ “

မကြာခင် မင်္ဂလာဆောင်တော့မည့် သမီးဖြစ်သူရဲ့ ဒီစကားက စဉ်းစားစရာပါ
အလီဘာဘာက ဘာကြာင့် အုတ်ဂူကို မရောက်ရမှာလဲ
ခေတ်အခါခါက အလီဘာဘာတိုင်း အုတ်ဂူဆီရောက်လာနေကျပါ။

ဘာကြောင့် ဆူဟန်ဒရာက ဒီလိုပြောလိုက်တာလဲ ့့့့ သူမအတွက် မကြာခင်မှာ အလီဘာဘာ ဖြစ်လာမည့်သူကတော့ မူဒစ်ရှရ်မား

နှစ်ယောက် ဘယ်လို လက်ထပ်ဖြစ်ကြတာလည်းဆိုတော့ အွန်လိုင်းကနေ မင်္ဂလာကမ်းလှမ်းမှုတစ်ခုရောက်လာလို့တဲ့
ဆူဟန်ဒရာ ကြည့်လိုက်တော့ ဒီလူကို ငါသိပါတယ်
တစ်လလောက် ငါ့အနား တဝဲလည်လည် လုပ်နေပြီး စကားတောင် လာမပြောရဲတဲ့ ကိုယ်တော်ချောပဲ ့့့့

မူဒစ်ခမျှာ မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားနေပေမယ့် မပြောရဲမဆိုရဲ
နောက်ဆုံးကြံရာမရ အိမ်က အကြံပေးတဲ့အတိုင်း အွန်လိုင်းကနေ မင်္ဂလာကမ်းလှမ်းလိုက်တော့တယ် ့့့

———————————————————————————————

မိဘတွေက စီစဉ်ပေးရပေးမယ့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အပြန်အလှန်စိတ်ဝင်စားနေကြတော့
တစ်နေ့မှာတော့ ဆူဟင်ဒရာ မိဘတွေ အိမ်မှာမရှိတုန်း မူဒစ်နဲ့ ဆူဟင်ဒရာ
အနေနီးစပ်ဖို့ အကြောင်းဖန်လာပါတော့တယ့့့့့်

ဒါပေမဲ့ မူဒစ်ခမျှာ မျက်နှာငယ်နဲ့သာ အိမ်ပြန်သွားခဲ့ပါတော့တယ်။

———————————————————————————————

ဒါကြောင့် အမေဖြစ်သူက မင်္ဂလာဦးအတွေ့အကြုံတွေနဲ့အတူ၊ မိန်းကလေးတစ်ယောက် သိသင့်သိထိုက်တဲ့ အိမ်ထောင်ရေး အကြောင်းတွေ သင်ပေးနေတဲ့ အချိန်မှာ
သမီးဆီက ” အလီဘာဘာက အုတ်ဂူကို မရောက်ခဲ့ရင်ရော” ဆိုတဲ့ မေးခွန်းထွက်ပေါ်လာခဲ့တာပါ။

———————————————————————————————-

အလီဘာဘာ အုတ်ဂူဆီ ရောက်လာနိုင်မလား
ရောက်လာဖို့ ကြိုးစားပုံတွေကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး

#ဟာသ့့့ဒရာမာ့့့ဇာတ်ကားကောင်းလေးမို့ လက်အလွတ်မခံလိုက်ကြပါနဲ့

 

0 comments:

Post a Comment