Rating : 6.8/10
Country : India
Genre : Action
Cast : Mohanlal, Jagapathi Babu, Kamalinee Mukherjee
Released Date : 2016
Duration: 2h 41min
အညွှန်း
Pulimurugan ဆိုတာကတော့ ၂၀၁၆ ခုနှစ် က အိန္ဒိယတောင်ပိုင်း တစ်ပိုင်းလုံးမှာ တစ်နှစ်တာ တတိယမြောက်ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ အချစ် အကြမ်း အလွမ်း အရမ်း စုံလင်တဲ့ Action, Drama, Romantic, Adventure, Comedy ဇာတ်ကားကြီးပါ အိန္ဒ်ိယတောင်ပိုင်းအခြေစိုက် Malayalam Film Industry ရဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီးတော့ Bollywood ကားတွေနဲ့ မတူကွဲပြားပြီး သဘာဝကျတဲ့ သရုပ်ဆောင်ဟန်တွေကို တွေ့ရပါတယ် (ပြီးတော့ အားတိုင်း ယားတိုင်း ထကမနေသလို ဇာတ်ဝင်တေးတွေနဲ့ ရှုခင်း အမိုက်စား ရိုက်ချက် အလန်းစားတွေကြောင့် မြန်မာနိုင်ငံမှာသာဆို ရုပ်ရှင်တေးဂီတဆုတွေရော ရုပ်ရှင်ဓာတ်ပုံဆုတွေပါ ပုံအောပေးကြမှာ သေချာပါတယ်) ကျေးလက်ဆန်တဲ့ တေးဂီတ သီချင်းတွေနဲ့ ခေတ်ပေါ် DJ ပါမကျန်အောင် သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ ဖြစ်နေတာကတော့ ချီးကျူးလောက်စရာပါ အချို့သော ဇာတ်ဝင်ခန်းတွေမှာ action ခန်းတွေဟာ နည်းနည်း အိုဗာတင်းကျနေပေမယ့် ပီပြင်လွန်းတဲ့အတွက် Bahubali 2 ထဲကလိုပဲ ပါးစပ်အဟောင်းသား ဖြစ်နေရမှာတော့ သေချာပါတယ် ကဲ ဇာတ်လမ်း အကျဉ်း နည်းနည်းပြောပြမယ်နော် (spoiler လုံးဝ မပါစေရဘူး) ကျော်တို့ရဲ့ ဇာတ်လိုက်ကြီး မူရူဂန်တစ်ယောက် ဇာတ်လမ်းအစမှာ ငယ်ငယ်လေးပဲရှိပါသေးတယ် သူတို့ရွာကတော့ ပူလီယာ၊ သူတို့ ဘာသာစကားအရ ပူလီက ကျားဆိုတော့ ကျားပေါတဲ့ရွာပေါ့၊ မူရူဂန် ငယ်ဘဝမှာပဲ အမေဖြစ်သူက ညီငယ်လေး မာနီကူတန်ကို မွေးဖွားရင်း ဆုံးပါတယ်၊ အဲ့ဒီ ညီငယ်လေးကို သဲသဲလှုပ်ချစ်တာကတော့ မူရူဂန်ပါ၊ အမေဆုံးလို့မှ မကြာသေးခင် အဖေဖြစ်သူကလည်း သူနဲ့ သူ့ညီလေးကို ကယ်ရင်း ကျားဆွဲခံရပါတယ်၊ အဲဒီ့ကျားကို ကလေးဆိုပေမယ့် မကြောက်မရွံ့ ဖခင်ဖြစ်သူအတွက် အသက်စွန့် လက်စားချေ ဇီဝိန်ချွေပြီးနောက်မှာတော့ မူရူဂန်တစ်ယောက် လူသားစားကျားတွေကို လိုက်နှိမ်နင်းတဲ့ ကျားမုဆိုးကြီး လုံးလုံးဖြစ်လာပါတယ်။ ကျားမုဆိုးမူရူဂန် (ပူလီမူရူဂန်) ဆိုပြီး ဘိုးဘေးစဉ်ဆက် ကျားကြောက်ခဲ့ရတဲ့ အနီးအနား ရွာတွေကပါ နတ်ဘုရားသဖွယ် ကိုးကွယ်အားထားခံလာရပါတော့တယ် ကျားမုဆိုးဆိုပေမယ့် သူ့ရဲ့ ကမ္ဘာငယ်လေးဖြစ်တဲ့ မိသားစုရှေ့မှာတော့ ကျားကြီးမူရူဂန်ဟာ ကြောင်သာသာမျှသာ ဖြစ်သွားစမြဲပါ သူ့အပေါ် ဖခင်လိုတစ်ဖုံ သူငယ်ချင်းလို တစ်ဖန် ချစ်ခင်ကြင်နာခဲ့တဲ့ ဦးလေးဖြစ်သူ ဘာလာရာမန်၊ နှစ်ယောက်မရှိတဲ့ သွေးရင်းချာ ညီငယ်လေး မာနီကူတန်၊ ချစ်ခင်မြတ်နိုးရတဲ့ အိမ်သူ မိုင်နာ၊ ရှုမငြီးတဲ့ ချစ်သမီးလေး ချက်ကီတို့ အတွက်ဆို ကျားကြီးမူရူဂန်ရဲ့ သံချောင်းလို စိတ်ထားဟာ ဖယောင်းလိုပျော့ပျောင်းသွားရစမြဲပါ ရိုးသားဖြူစင်တဲ့ မိသားစုလေးကောင်းဖို့ ဒုက္ခမရောက်ဖို့အတွက် ကြိုးစားရင်း ကျားထက်ဆိုးတဲ့ မနုဿလူသားများစွာရဲ့ အကောက်ကြံမှု၊ မနာလိုမှု၊ အမြတ်ထုတ်လိုမှု အစရှိတဲ့ အန္တရာယ်တောနက်ကြီးထဲကို မူရူဂန်တစ်ယောက် တဖြည်းဖြည်း တိုးဝင်လာမိချိန်မှာတော့…….. မကောင်းသူပယ် ကောင်းသူကယ်မယ့် မူရူဂန်၊ မိသားစုလေးအတွက် ဘာမဆိုလုပ်မယ့် မူရူဂန်၊ တောကိုချစ်ပြီး တောရဲ့ ဥပဒေဿ ကို လိုက်နာတဲ့ မူရူဂန် မြို့ပြကြီးရဲ့ ယဉ်ကျေးစွာ အကောက်ကြံ ရိုင်းစိုင်းပြန်တဲ့ လူ့သားရဲတွေအကြားမှာ ရှင်သန်ဖို့ ရုန်းကန် တိုက်ခိုက်နိုင်စွမ်းရှိပါ့မလားဆိုတာကိုတော့……… ရုပ်ရှင်ကားကောင်းကိုမှ လက်မလွတ်တမ်းကြည့့်ရှုခံစားလိုသော၊ GC ကိုချစ်သော၊ GC ကချစ်သော ပရိသတ်ကြီးအတွက် အကောင်းဆုံးသော အရည်အသွေးဖြင့် အထူးကြိုးစား တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ
0 comments:
Post a Comment