Lust for Life (1956)


 

Rating : 7.4/10
Country : United State
Genre : Biography, Drama 
Cast : Kirk Douglas, Anthony Quinn, James Donald
Released Date : 1956
Duration : 2h 2min

အညွှန်း
မှောင်ယံကမ်းပါးဆ‌ီ ဝင်းလက်စိုမြနေတဲ့ ကြယ်တွေရဲ့ နောက်ကြောင်းမှာ အသိုက်ပျက် အနက်ရောင်ငှက်တွေ ပျံဝဲနေကြပါတယ်။
သေကွင်းသေကွက်တည့်တည့်ကို လောကဓံလာမှန်တဲ့နေ့မှာ ကြယ်တွေဆီ အိပ်တန်းတက်သွားတဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ဟာ အရောင်တွေစိုလို့မြလို့။
သူ့ရာဇဝင်ကတော့မလှခဲ့ဘူး။အင်ပရက်စ်ရှင်ဝါဒပန်းချီတွေရဲ့ တာထွက်မှာ အင်ပရက်စ်ရှင်သမား‌တွေ ပို့စ်အင်ပရက်စ်ရှင်သမားတွေ အတော်လေး ရှုံ့ချခံခဲ့ကြရတယ်။
မာနက်ရဲ့ မြက်ခင်းပေါ်ကပျော်ပွဲစားပွဲကားနဲ့ အိုလံပီယာကားဆိုရင် ပြရင် ဓားနဲ့ခွဲ တံတွေးနဲ့မထွေးအောင် ရဲတွေက ကြိုးနဲ့အမြင့်မှာ ချိတ်ထားခဲ့ရတဲ့အထိကိုဆိုးတယ်။
အဲ့ဒီကာလမှာ အင်ပရက်စ်ရှင်သမားတွေဟာ အရူးတွေလို့ သမုတ်ခံရတာပါပဲ။
ဗင်းဆင့်ဟာ ပို့စ်အင်ပရက်ရှင်သမားဖြစ်တဲ့အပြင် အနေအထိုင်မတတ်တော့ ပိုရှုံ့ချခံရပါတယ်။
ဒါပေမယ့် သူလက်မလျှော့ခဲ့ပါဘူး။ဗင်းဆင့်ဟာ သူ့သက်တမ်း တစ်လျှောက်မှာ လုံးဝမအောင်မြင်ခဲ့တဲ့ အနုပည‌ာတွေသက်သက်ကို ပိုင်ဆိုင်ထားတဲ့လူပါ။ ခင်ဗျားတို့ ဖတ်ဖူးမှာပေါ့။
ဘယ်စာရေးဆရာကတော့ဖြင့် မအောင်မြင်ခင်မှာ သူ့ဝတ္တုကို ဘယ်လိုလက်လျော့ခဲ့ပြီးမှ ကံအကြောင်းတိုက်ဆိုင်လို့ ပြန်အောင်မြင်တယ်ဆိုတာမျိုးတွေ။ ဒီလိုတွေ အများကြီးပါ။
ဗန်ဂိုးကတော့ သူ့ရဲ့ မအောင်မြင်ခဲ့တဲ့ အနုပညာတွေကို တစ်သက်လုံးပွေ့ပိုက်ရင်း ဆက်ဖန်တီးသွားခဲ့တာပါ။
မအောင်မြင်လို့လည်း လက်လျှော့ခြင်းဆိုတာ သူ့သမိုင်းတစ်လျှောက်လုံး ကျွန်တော်တို့ မတွေ့ခဲ့ရပါဘူး။
ဗင်းဆင့်ဟာ သူ့ကိုယ်သူ လက်လျှော့ခဲ့ပေမယ့် သူ့အနုပညာကိုတော့ လုံးဝလက်လျှော့ခဲ့တဲ့သူ မဟုတ်ပါဘူး။
ယုတ်စွအဆုံး ဘယ်သူမုန်းပါစေဦးပေါ့
အနုပညာတိုင်း ပရိတ်သတ်တစ်ယောက်တော့ လိုပါတယ်။
‌တစ်သက်လုံးမှ တစ်ခါပဲ ရောင်းထွက်ခဲ့ရင်တောင်ရင်ချင်းမျှမယ့်တစ်ယောက် ဒီလောက်တော့ သူရခဲ့ပါရဲ့။
သိပ်ကြာလာတော့လည်း ဘဝဟာ ခံနိုင်စရာမရှိတော့ ဗင်းဆင့် သူ့ကိုယ်သူ လက်လျှော့သွားခဲ့တယ်ဗင်းဆင့်ဟာ ဝင်ငွေတစ်ပြားမှမရတဲ့ ပန်းချီကားတွေကိုမသေခင်အထိ ရေးမြဲရေးသွားပါတယ်။
ခေတ်ပေါင်းများစွာ နိုင်ငံပေါင်းများစွာကျော်ဖြတ်ပြီး သူ့ပန်းချီကားတွေ အောင်မြင်ခဲ့တယ်ဆိုတာကိုတော့သူ မသိခဲ့လိုက်ရပါဘူး။
သူသေပြီးတဲ့ နောက်အောင်မြင်မယ်လို့သူ မျှော်လင့်ခဲ့သလား မမျှော်လင့်ခဲ့သလား
ကျွန်တော်‌တို့ မသိပါဘူး။
သေချာတာ‌ကတော့ သူ့ရဲ့ အနုပညာကိုချစ်တဲ့စိတ်ကပဲ သူ့ပန်းချီတွေကို ခမ်းနာစေခဲ့တာပါ။
တကယ်လို့များ တစ်ယောက်ယောက်က အနုပညာသမားရဲ့ အရည်အသွေးနဲ့ သူ့ရဲ့ အနုပညာကိုချစ်တဲ့စိတ်ဘာ ပိုအရေးကြီးလဲမေးခဲ့ရင်ပေါ့
ချစ်တဲ့စိတ်ကလေးမှမပါပဲ ဖန်တီးခဲ့ရင် အဲ့ဒီအနပညာဟာ အနုပညာမည်ဦးမလားဆိုတဲ့ အဖြေပဲရှိပါလိမ့်မယ်။ဘယ်သူပြောနိုင်မလဲ ‌သိစိတ်နဲ့ လိုက် မမှီတဲ့
တစ်နေရာများရှိခဲ့ရင် လောကခေါင်မိုးမှာ
ကြယ်တွေစီရီဆွဲနေတဲ့ ဗန်ဂိုးကို
ကျွန်တော်တို့ တွေ့ချင်တွေ့ကြရမှာပဲ။မောင်ထွန်းသူ ရမ္မက်မီး အမည်နဲ့ မြန်မာဘာသာပြန်ဆိုထားတဲ့ List For Lifeဝတ္တုကိုပဲ ရိုက်ထားတဲ့ ရုပ်ရှင်ပါ။
ဗန်ဂိုးကားတွေထဲ Ratingအကောင်ဆုံးကားလည်း ဟုတ်ပါတယ်။
ဗင်းဆင့် ဗန်ဂိုးအကြောင်းရိုက်ထားတာတွေထဲတော့ Loving Vincent Animated Filmပြီးရင် ဒီရုပ်ရှင်က အကောင်းဆုံးပါပဲ။
Loving Vincentဟာ ဗန်ဂိုးပန်းချီကား‌တွေ ပန်းချီဟန်တွေပဲသုံးထားပြီး ဇာတ်ဝင်ခန်းတွေက အရမ်းအနုပညာဆန်လို့
ပို့သာပေမယ့် အကြောင်းအရာပိုင်းအရဆို List for Lifeက အစုံဆုံးပါပဲ။

0 comments:

Post a Comment