Hawaizaada (2015)

Rating : 5.5/10
Country : India
Genre :  Biography, Drama 
Cast :  Naman Jain, Mithun Chakraborty, Kanishka Singh Deo
Released Date : 2015
Duration:  2h 28min

အညွှန်း
အတန်းတစ်ခုတည်းကို ရှစ်ကြိမ်မြောက်ကျအပြီး ရှီဗီဟာ သူ အသစ်ရရှိလိုက်တဲ့ လွတ်လပ်မှုကိုခံစားရင်း ဆီတာရာနဲ့ တွေ့ဆုံပြီး မြားနတ်မောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ရမ္မက်ကြီးသူတစ်ယောက်ဖြစ်တဲ့ ဆီတာရာဟာ ဒေသခံ အဆိုတော်တစ်ယောက်ဖြစ်တယ်။ ရှီဗီရဲ့ ပုန်ကန်တတ်တဲ့ ဂရုမစိုက်တတ်တဲ့ ရှီဗီရဲ့ စရိုက်ကို စိတ်ကုန်လာတဲ့ နောက် သူ့ကို အိမ်ပေါ်က နှင်ချခဲ့တယ်။
လက်တွေ့ဘဝဟာ ဆီတာရာကိုထိတ်လန့်တုန်လှုပ်စေခဲ့တယ်။ သူ့အတွက် ရှီဗီ အရှက်ရ သိက္ခာကျမှာ စိုးရိမ်တဲ့အတွက် မြို့က ထွက်ခွာသွားခဲ့တယ်။ အဲ့ဒီနောက်တော့ ရှီဗီဟာ အထိန်းအကွပ်မဲ့ လမ်းကြောင်းပျောက်နေရင်း မကောင်းမှုတွေနဲ့ မွေ့လျော်လာပါတော့တယ်။
ရှက်ထရီကတော့ ပညာရှိ ပါရမီရှင် သိပ္ပံပညာရှင်တစ်ယောက်လဲဖြစ်ပြီး သူ ရှီဗားဘဝထဲကိုဝင်လာခဲ့တဲ့နောက် သူ့ကိုယ်သူထိန်းကျောင်းဖို့ ပညာသင် တရားချပေးရင်း သူ့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အိမ်မက်ဖြစ်တဲ့ ကမ္ဘာ့ပထမဆုံးလေယာဉ်ပျံတည်ဆောက်ဖို့ကို ရှီဗီနဲ့ဝေမျှခဲ့တယ်။
မအောင်မြင်တဲ့ ချစ်သူတစ်ယောက် အဆိုတော်အမျိုးသမီးတစ်ယောက် မဖြစ်နိုင်တဲ့ စက်ကိရိယာတစ်ခုနဲ့ သူအိုတစ်ယောက်အိမ်မက်။ ရှီဗီဟာ သူ့ဆရာ မျှော်လင့်သလို ဖြစ်လာနိုင်မလား ဟာဝါဇာဒါ ကောင်းကင်ပေါ်ပျံတက်နိုင်မှာလား။


 

0 comments:

Post a Comment