Guzaarish (2010)

Rating : 7.4/10
Country : India
Genre :  Drama 
Cast :   Hrithik Roshan, Aishwarya Rai Bachchan, Shernaz Patel
Released Date : 2010
Duration:  2h 6min

အညွှန်း
အီသန်မက်စ်ကရန်ဟက်စ်ဟာ တစ်ချိန်က ကမ္ဘာအတော်ဆုံးမျက်လှည့်သမား တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပြကွက်တစ်ခု ချွတ်ချော်မှားယွင်းခဲ့ပြီးနောက် ခြေလက်အင်္ဂါလေးခုလုံး မလှုပ်မရှားနိုင်ဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လုံး သူ့ကျန်းမာရေးဟာ တည်ငြိမ်တယ်လို့ပြောရမယ်။ ဒါဟာ သူ့ရဲ့ တာဝန်ကျေပွန်လွန်းတဲ့ သူနာပြု အမျိုးသမီး မစ္စ ဆိုဖီယာဒီဆူဇာ ကျေးဇူးတွေ အများကြီးပါတယ်လို့ ဆိုရပါလိမ့်မယ်။သူဟာ အိမ်မှာနေထိုင်ပြီးတော့ အလုပ်လုပ်တယ်။ သူ့ရဲ့ မချုပ်ထိန်းနိုင်တဲ့ ဇဝနဉာဏ်နဲ့ မျက်လှည့်အသစ်တွေကို စာအုပ်တွေ ရေဒီယို အစီအစဉ်တွေက တစ်ဆင့် ဖြန့်ချိတယ်။ တစ်ဖြည်းဖြည်းနဲ့ သူ့ကျန်းမာရေး ယိုယွင်းလာတာကြောင့် ဆေးရုံမှာ တက်ပြီးတော့ အသက်ကယ်ကိရိယာ အကူအညီတွေနဲ့ အသက်ဆက်ရဖို့ ဖြစ်လာခဲ့တဲ့ အခြေအနေမှာ အဲ့ဒါကို ရှောင်လွဲနိုင်ဖို့ တရားရုံးကို ဦးတည်လျှောက်ထားလွှာဟာ သူ့ပတ်ဝန်းကျင်က လူတွေအားလုံး အံ့သြထိတ်လန့်စရာဖြစ်ခဲ့ရပါတယ်။
ဒီကားလေးက ကျွန်ောတ့်အတွက်တော့ တွေးစရာလေးတွေပေးခဲ့တဲ့ကားဖြစ်ပြီး တကယ့်ကို နှစ်သက်ခဲ့မိတဲ့ ကားတွေထဲက တစ်ကားဖြစ်ပါတယ်..။
ဟောင်းပေမဲ့လဲ ကောင်းနေဆဲBollywood ဇာတ်ကားတစ်ကား ပါ.။

 

0 comments:

Post a Comment