Halahal (2020)


 

Rating : 7.4/10
Country : India
Genre : Crime, Mystery, Thriller
Cast : Barun Sobti, Sachin Khedekar, Manu Rishi Chadha
Released Date : 2020
Duration : 1h 37min

အညွှန်း
ဆေးကျောင်းသူလေးတစ်ဉီးဟာ ကျောင်းတက်နေဆဲကာလမှာပဲ ဆုံးပါးသွားတယ်….သူဆုံးတဲ့အကြောင်းအရင်းကို ရဲတွေအာဏာပိုင်တွေက ဖော်ထုတ်ပြီးနောက်
ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုဆိုပြီး အဖြေထုတ်လိုက်တယ်….
အချစ်ရဆုံးသမီးလေးဆုံးပါးသွားတော့ ကျန်ရစ်သူမိသားစုဟာအရူးမီးဝိုင်းသလိုပါပဲ…ဖခင်ဖြစ်တဲ့သူဟာ သူ့သမီးလေး ကိုယ့်ကိုကိုယ်သတ်သေလောက်အောင် စိတ်ဖိစီးစရာအကြောင်းလုံးဝမရှိဘူးလို့ယူဆနေတယ်…ဒါ့ကြောင့် သူနည်းသူ့ဟန်နဲ့ စုံစမ်းဖို့ကြိုးစားပါတော့တယ်….တကယ်ပဲသမီးဖြစ်သူဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံတာလား….အသတ်ခံရပြီး ရဲတွေ အာဏာပိုင်တွေဝိုင်းဖုံးဖိထားရလောက်အောင် တခြား ကြီးမားတဲ့မသမာမှုတွေရှိနေမလား…ဘယ်လိုအကြောင်းအရာတွေဖြစ်မလဲ…စုံစမ်းနေစဉ်မှာရော ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ….ဒီဇာတ်လမ်းကတော့ဖခင်ဖြစ်သူဟာမိတ်ဆွေ/ရန်သူ ခွဲခြားလို့မရတဲ့ အခြေအနေမှ စပြီး…. ပဟေဠိတစ်ခုကို တဖြည်းဖြည်းချင်းအဖြေရှာနေတဲ့ အပူသည်ဖခင်တစ်ယောက်ကို ဇာတ်အိမ်တည်ထားပြီး..ကိုယ်တိုင်ပါဝင်အဖြေထုတ်နေရတဲ့ ဇတ်လမ်းကောင်းမို့ မှုခင်းအိန္ဒိယကားတွေကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ….

0 comments:

Post a Comment