Fantasy Magician (2020)


 

Rating : 6.7/10
Country : China
Genre : Adventure, Historical, Wuxia, Fantasy
Cast : He Peng, Lin Yu Rou, 
Released Date : 2020
Duration : 1h 48min

အညွှန်း
ဒီဇာတ်လမ်းလေးက 2017 ခုနှစ်ကထွက်ခဲ့တဲ့ “The Thousands Faces Of Dunjia”ကိုအခြေခံပြီးရိုက်ကူးထားတာပါ
လော့ချားမြို့ကျိုးအိမ်တော်ရဲ့သခင်လေး စစ်ဆေးရေးမှူးကျိုးထုံက ငယ်ငယ်လေးထဲကမှော်ပညာရပ်တွေကိုအရမ်းစိတ်ဝင်စားသူပါ
တပည့်မလေးထျောက်ကျယ် သူ့အဖေကျိုးရှို့ရီနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းလာရာ…တစ်နေ့မမျှော်လင့်ဘဲ ကျာ့မင်နဲ့သူ့အဖေယိုးဝေ့တို့ထောင်ချောက်ဆင်တာခံရပြီး ကျိုးထုံအဖေကျိုးရှို့ရီဟာ အကျဉ်းချခံခဲ့ရပါတော့တယ်
ကျိုးထုံကတော့ ကံကောင်းစွာလွတ်မြောက်သွားပြီး
မင်ဂိုဏ်းချုပ်နဲ့တွေ့ဆုံကာ ကျိုးထုံကိုယ်ထဲကျားအဆောင်လွဲပြောင်းပေးအပ်ခဲ့ပါတယ်ကျိုးထုံဟာ ကျားအဆောင်ရဲ့စွမ်းအားကိုသုံးပြီးသူ့အဖေကိုကယ်ထုတ်ခဲ့ချင်ပေမဲ့ သူ့အဖေရက်ရက်စက်စက်အသတ်ခံခဲ့ရတာကိုပဲမြင်တွေ့ခဲ့ရပါတယ်
ကျားအဆောင်ကိုလိုချင်တဲ့မကောင်းဆိုးဝါးတွေရန်ကနေ ဘယ်လိုကာကွယ်ခဲ့သလဲ?
ကျိုးထုံဘယ်လိုတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို ဇာတ်လမ်းလေးထဲတွေ့ရမှာပါ
ကျိုးထုံအဖြစ် He Peng
(သူ့ကိုတော့အားလုံးသိကြမှာပါ The Untamedထဲက ဝမ်ဂိုဏ်းဒုသခင်လေးဝမ်ချောင်ပါ
The Untamedနဲ့ကွဲပြားစွာ သူ့သရုပ်ဆောင်ချက်တွေကိုမြင်တွေ့ရမှာပါနော်)
ထျောက်ကျယ်အဖြစ် Lin Yu Rou
ကျိုးရှို့ရီအဖြစ် Eddy Ko တို့က ပါဝင်သရုပ်ထားတာပါ ။

0 comments:

Post a Comment