Dog Pound (2010)


 

Rating : 7.0/10
Country : United State
Genre : Drama
Cast : Adam Butcher, Shane Kippel, Matthew Morales
Released Date : 2010
Duration : 1h 31min

အညွှန်း
ကဲ Dog pound ကို မေးမေးနေတဲ့လူတွေအတွက်လာပြီနော်..
ဒီတစ်ခေါက်က လူငယ်တွေအကြိုက်တွေ့စေမယ့်ကားလေးပါ..ဒီဇာတ်လမ်းလေးမှာ..ဘွတ်ရှ်,..ဒေးဗစ်..အိန်ဂျယ်..ဆိုတဲ့
အသက်မပြည့်သေးတဲ့ ကောင်လေးသုံးယောက်က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်…
သူတို့တစ်ယောက်ချင်းဆီ အကြောင်းကို ပြောရမယ်ဆိုရင်…
ဘွတ်ရှ်ဆိုတဲ့ ကောင်လေးက လူငယ်အကျည်းထောင်အရာရှိတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ အတွက် အရင်ပြစ်ဒဏ်ကျတဲ့လူငယ်အကျည်းထောင်ကနေ နိုလာဗေး အကျည်းထောင်ကို ပြောင်းရွေ့ခံလိုက်ရတယ်..
.နောက်တစ်ယောက် ဒေးဗစ်ဆိုတဲ့ ကောင်လေးတော့ မူးယစ်ဆေးတွေ ကိုယ်တိုင်လည်း သုံးပြီး ဖြန့်လဲ ဖြန်တဲ့သူတစ်ယောက်ပေါ့..
သူလဲ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ နိုလာဗေး ကိုပဲ ရောက်လာခဲ့တယ်.
.နောက်တစ်ယောက်ဖြစ်တဲ့ အိန်ဂျယ်ဆိုတဲ့ ငတိလေးကလည်း လမ်းပေါ်မှာလုယက်တဲ့ အတွက် လုယက်မှုနဲ့ နိုလာဗေးကို ပြစ်ဒဏ်နဲ့ရောက်လာတယ်..အဲ့ဒီကနေ စပြီး ဇာတ်လမ်းက အသက်ဝင်တော့တာပဲ. သူတို့ထောင်ထဲမှာဘယ်လိုလူမျိုးတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာလဲ..
ထောင်ထဲမှာကော ပျော်ရွင်ခြင်းဆိုတဲ့ အရသာဆိုတာကြီးကို ခံစားရအုန်းမှာလား..
နောက်ပြီး ဘယ်လို စိတ်မကောင်းစရာ အဖြစ်အပျက်တွေ ဖြစ်လာမှာလဲ ဆိုတာ
ထောင်ကားလေးတွေကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီးက မြင်တွေ့ရမှာပါ…
ဒီကားလေးမှာ လူငယ် အကျည်းထောင်မှာရှိတဲ့ လူငယ်တွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းပုံကိုလည်း ကိုယ့်လူတို့ မြင်တွေ့ကြရအုန်းမှာပါ…ကြည့်ရှုလို့ကျေနပ်ကြပါစေ…

0 comments:

Post a Comment