Crime Solving Special Squad (2020)


 

Rating : 6.0/10
Country : Korea
Genre : Action, Crime
Cast : Lee Han Sol
Released Date : 2020
Duration : 1h 25min

အညွှန်း
ဒီကားလေးကတော့စုံထောက်ဇာတ်လမ်းလေးတွေကိုပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့သူတွေအကြိုက်တွေ့ကြမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းက ရဲတွေလက်လှမ်းမမှီတဲ့အမှုတွေနဲ့ရဲတွေက လာဘ်စားထားပြီး ဖြေရှင်းမပေးတဲ့
အမှုတွေကို ဒီအဖွဲ့က လူတော်တွေကဖြေရှင်းကြတာပဲဖြစ်ပါတယ်။အဖွဲ့ထဲမှာအတိုက်အခိုက်ကျွမ်းသူတွေ၊စကားပြောကောင်းသူ၊ပုံဖျက်အယောင်ဆောင်ကျွမ်းကျင်သူ၊ကွန်ပြူတာကျွမ်းကျင် hackerအထိရှိပြီးသူတို့အားလုံးပေါင်းပြီးတရားမဝင်အလုပ်တွေလုပ်ကိုင်နေကြတဲ့လောဘသားတွေကိုစုံစမ်းကြရပါတယ်။သူတို့အထက်မှာအမိန့်ပေးနေတဲ့သူလည်းရှိသလိုအဲ့လူကိုတော့သူတို့တခါမှမမြင်ဖူးကြပါဖူး။ဒီလိုနဲ့ ကျောင်းသားငယ် အသက်မပြည့်သေးတဲ့ကလေးတွေကိုတရားမဝင် ကျွန်အရောင်းအဝယ်စာချုပ်လိုမျိုးချုပ်ပြီးအလုပ်ခိုင်းနေတဲ့ အဖွဲ့ကိုစုံစမ်းဖို့ဖြစ်လာပါတယ်။ဒီအဖွဲ့ကလည်း ကျောင်းသားငယ်လေးတွေငွေနဲ့မျှားပြီး အသုံးများတဲ့ app တစ်ခုကနေ မက်လုံးပေးအလုပ်ခေါ်တာပါ။ဒါကိအြပျော်အပါးမက်တဲ့သူတွေဝင်လုပ်ကြရင်းဒီအလုပ်ထဲနစ်မှန်းမသိနစ်ကုန်ကြပါတယ်။ဒီလိုကလေးတွေကိုကာကွယ်ဖို့ ဒီအထူးအဖွဲ့ကစတင်လှုပ်ရှားရပါတယ်။ဒီလိုနဲ့ နောက်ကြောင်းလိုက်ရင်း နောက်ကွယ်က ခိုင်းစေသူတွေကိုစုံစမ်းကြည့်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမယ်ဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါ။သူတို့အဖွဲ့ဒီအမှုကိုဖြေရှင်းနိုင်ပါမလားနောက်ကွယ်ကလက်မဲကြီးတွေကကောဘယ်သူတွေလဲ ဒီ appကကောဘာလဲဆိုတာတော့စိတ်ဝင်စားဖွယ်တင်ဆက်ထားတာတွေ့ရမှာဖြစ်လို့အိမ်မှာနားနေတဲ့အချိန် အေးအေးအေးဆေးကြည့်ကောင်းတဲ့ကားလေးတစ်ကားဖြစ်တယ်လို့ ညွှန်းချင်ပါတယ်

0 comments:

Post a Comment