Bori (2020)


Rating : 9.0/10
Country : Korea
Genre : Dram , Family
Cast : Kim Ah Song, 
Released Date : 2020
Duration : 1h 50min

အညွှန်း
မိသားစုမှာ ကိုယ်တစ်ယောက်တည်းကွဲပြားနေတယ်လို့ ခံစားရဖူးပါသလားကျန်တဲ့သူတွေက အတူပျော်ရွှင်နေပြီးကိုယ်တစ်ယောက်တည်းပဲအထီးကျန်နေတယ်ဆိုတဲ့စိတ်ကိုဖြေသိမ့်ချင်တယ်ဆိုရင် ဒီကားလေးကိုညွှန်းပေးချင်ပါတယ်
အဖေ အမေ မောင်လေးဂျောင်ဝူး နဲ့ ဘိုရီတစ်မိသားစုလုံးမှာ တစ်ယောက်တည်းပဲနားကြားရတဲ့ ဘိုရီလေးဟာမိသားစုတွေ လက်ဟန်ခြေဟန်နဲ့စကားပြောတဲ့အချိန်သူတစ်ယောက်တည်းကွဲပြားနေပါလားဆိုတဲ့ အထီးကျန်စိတ်နဲ့ဝမ်းနည်းနေတတ်တဲ့ကလေးမလေးပါမိသားစုဝင်တွေလိုပဲ အသံတွေပျောက်သွားချင်တယ်ဆိုတဲ့စိတ်နဲ့ဘိုရီတစ်ယောက် တကယ်ပဲအသံမကြားရတော့တဲ့အချိန်မိသားစုဝင်တွေတွေ့ကြုံရတဲ့ အခက်အခဲတွေကိုကြုံလာရတဲ့အခါသူ့စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ အတူတူဖြစ်သွားပြီလို့တွေးမှာလားမိသားစုဝင်တွေအတွက် သူဘယ်လောက်အရေးကြီးခဲ့လဲဆိုတာသိလာမှာလား တကယ်ပဲအသံအပြီးပျောက်သွားတာဟုတ်ရဲ့လားဆိုတာဒီကားလေးထဲမှာ အဖြေရှာစေချင်ပါတယ်ဇာတ်ကားလေးက လှပတဲ့ဒရာမာဇာတ်လမ်းလေးပါမိသားစုနဲ့ပတ်သတ်တဲ့ခံစားချက်တစ်ခု ရင်ထဲမှာကျန်နေခဲ့မှာအသေအချာပါပဲ

 

0 comments:

Post a Comment