Bombay Talkies (2013)

Rating : 6.4/10
Country : India
Genre : Drama 
Cast :  Rani Mukerji, Randeep Hooda, Saqib Saleem
Released Date : 2013
Duration:   2h 7min

အညွှန်း
Bombay Talkies ဟာ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ အထူးခြားဆုံး ကားတစ်ကားလို့ပြောလို့ရပါတယ်။ မထူးခြားပဲ နေပါ့မလား။ ဒီကားဟာ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့့ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ရိုက်ခဲ့တာ ဖြစ်ပြီးတော့ ဘောလိဝုဒ်က တစ်ခါမှ မထိတွေ့ဖူးတဲ့ anthology film အဖြစ် ထွက်ရှိလာခဲ့တာပါ။ ရုပ်ရှင်တစ်ကားထဲမှာ segment လေးခုရှိနေပြီးတော့ အဲ့ဒီ လေးပိုင်းလုံးကို ဘောလိဝုဒ်ရဲ့ ထိပ်တန်းဒါရိုက်တာတွေက ပုံဖော်ရိုက်ကူးသွားခဲ့ပါတယ်။ အပိုင်း တစ်ခုချင်းစီမှာ ပေးချင်တဲ့ မက်ဆေ့ချ် တစ်ခုစီ theme တစ်ခုစီ ရှိနေခဲ့ပါတယ်။ အပိုင်းလေးခုအတွက် ရိုက်သွားတဲ့ ဒါရိုက်တာတွေ ဘယ်သူလဲဆိုတာ သိရရုံနဲ့တင် လူရှိန်သွားမှာပါ။ အပိုင်းတစ်ခုစီရဲ့ နာမည်နဲ့ ဒါရိုက်တာနဲ့ ကျွန်တော်တွဲပြသွားပါ့မယ် (1)Ajeeb Dastaan Hai Yeh Directed by Karan Johar (2) Star Directed by Dibakar Banerjee (3)Sheila Ki Jawaani Directed by Zoya Akhtar (4)Murabba (Fruit Preserve) Directed by Anurag Kashyap ဒီရုပ်ရှင်ကားရဲ့ အပိုင်း တစ်ခုချင်းဟာ ကိုယ်တို့ ဘောလိဝုဒ်ရုပ်ရှင်လောက ဘယ်လောက်အထိ တိုးတက်ပြီး (နှစ်တစ်ရာအတွင်းမှာ) ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ပြီဆိုတဲ့ သက်သေလိုပါပဲ။ အားလုံး သဘောမကျပဲ မနေနိုင်ဖြစ်ကြရမှာက နောက်ဆုံး ဇာတ်သိမ်း သီချင်းပါ။ ကိုယ်တွေရဲ့ တစ်သက်တာ အိုင်ဒိုးတွေ အချစ်ဆုံးတွေ အားလုံးကို ရှားရှားပါးပါး သီချင်းတစ်ပုဒ်ထဲမှာ တွေ့ကြရမှာပါ။

 

0 comments:

Post a Comment