A Gentleman (2017)

Rating : 6.2/10
Country : India
Genre :  Action, Comedy 
Cast :  Sidharth Malhotra, Jacqueline Fernandez, Darshan Kumaar
Released Date : 2017
Duration:  2h 25min 

အညွှန်း
ဘောလိဝုဒ်​ကား​တွေရဲ့ထုံးစံအတိုင်​းပရိသတ်​မထင်​ထား​လောက်​​အောင်​လှည်​့ကွက်​​လေး​တွေကဆရာကျတတ်​ကြပါတယ်​။

ဇာတ်​​ကြောင်​းဇာတ်​အိမ်​တည်​​ဆောက်​ပုံကလည်​း​တောင်​့တင်​းတယ်​ဆိုတာ ​ဘောလိဝုဒ်​ပရိသတ်​ကြီးလည်​းသိပြီးသားပါ။

​ဘောလိဝုဒ်​ကားအများစုဟာ ဟာသ/ အချစ်​ / အလွမ်​း /ဇာတ်​ကြမ်​း /လှည့်​ကွက်​ ​စတဲ့ ရသ​တွေထောင်​့​​စေ့​အောင် ​တည်​​ဆောက်​ထား​လေ့ရှိပါတယ်​။

ဒီကား​လေးရဲ့အညွှန်​းကိုမျှ​ဝေရမယ်​ဆိုရင်​ဖြင်​့ အိန္ဒိယနိုင်​ငံရဲ့လျှို့ဝှက်​​အေးဂျင်​့အဖွဲ့တစ်​ခုဖြစ်​တဲ့ အဖွဲ့ X ​​အ​ကြောင်​း​​လေးနဲ့ပဲစချင်​ပါတယ်​

​​အဖွဲ့ X ရဲ့​ခေါင်​း​ဆောင်​ ကာနယ်​ဟာဆိုရင်​ဖြင့်​့အာဏာကိုအလွဲသုံးစားလုပ်​ပြီး’ရ​လေလို​လေအိုတ​စ္ဆေဆိုသလို’ကိုယ်​ကျိုးရှာ​လောဘသား​ခေါင်​း​ဆောင်​တစ်​​ယောက်​ပါအဖွဲ့ X ရဲ့​ခေါင်​း​ဆောင်​က​တော့ ရှရီဆိုတဲ့အရည်​အချင်​းရှိ​အေးဂျင်​့ပါသူက​တော့ မတရားမှု​တွေလုပ်​​နေတဲ့​ခေါင်​း​ဆောင်​ရဲ့လက်​​အောက်​က​နေလွတ်​​မြောက်​ခွင်​့ရဖို့ခက်​ခဲ​နေတဲ့သူတစ်​​ယောက်​ပါ ​

သူ့သ​ဘောထားကိုသိသွားတဲ့ကာနယ်​က​နောက်​ဆုံးအ​နေနဲ့မစ်​ရှင်​တစ်​ခုလုပ်​​ပေးဖို့​တောင်​းဆိုလိုက်​ပါတယ်​

ဒါကိုသ​ဘောတူပြီး​နောက်​ပိုင်​းဘာ​တွေဖြစ်​လာမလဲ

တစ်​ဖက်​မှာလည်​းဒါရိုက်​တာပံ​ု​ဖော်​ပြီးရိုက်​ပြထားတဲ့ ဂေါ်ရဗ်​ ဆိုတဲ့ဝန်​ထမ်​း​လေးတစ်​​ယောက်​အ​ကြောင်​း​လေးလည်​းပြောချင်​ပါ​သေးတယ်​
သူက​တော့ ဘဝကိုအရှုပ်​အရှင်​းကင်​းကင်​းနဲ့ရိုးသားစွာဖြတ်​သန်​းချင်​တဲ့သူပါ

ကုမ္ပဏီမှာအလုပ်​ကြိုးစားတယ်​

အိမ်​​ကောင်​း​ကောင်​းတစ်​လုံးနဲ့​နေချင်​တယ်​

သာမန်​​နေထိုင်​မှုလို့ပဲဆိုရမှာပါ

မင်​းသမီးကလည်​းနာမည်​​ရေးပြစရာမလို​လောက်​​အောင်​ ​ဘောလိဝုဒ်​ပရိသတ်​​တွေအကြိုက်​ ဇာတ်​ကြမ်​း/ အချစ်​/အလွမ်​း /ဟာသ ဘက်​စုံရတဲ့သမီးတစ်​လက်​ပါ

ဒီ character ​တွေစု​ပေါင်​းလိုက်​တဲ့ဇာတ်​လမ်​းအသွားအလာဘယ်​လိုပီပြင်​လာမလဲဆိုတာ​တော့ ဇာတ်​ကားပြီးခါနီး​လေးမှပဲသိရမှာပါ

ဇာတ်​အိမ်​/ ဇာတ်​​ကြောင်​း/ သရုပ်​​ဆောင်​/ ​နောက်​ခံသီချင်​း အပြစ်​​ပြောရာမရှိ​အောင်​​ကောင်​းတဲ့ ဇာတ်​ကား​လေးဖြစ်​​ပြီးဟာသ​လေး​တွေလည်​းပါဝင်​ထားလို့ကြိုက်​နှစ်​သက်​ကြမယ်​လို့ ယူဆမိပါ​ကြောင်​း…….


 

0 comments:

Post a Comment