31st October (2015)

Rating : 5.9/10
Country : India
Genre :   Action, Drama, History
Cast :  Soha Ali Khan, Lakha Lakhwinder Singh, Nagesh Bhonsle
Released Date : 2015
Duration:  1h 49min 


အညွှန်း
" လမ်းချိုး တစ်ခုတိုင်း မှာ သွေရဲရဲ နီဆွေးခဲ့တဲ့ လူမျိုးနွယ် တစ်စု " ဒါမှမဟုတ် "ပြာငွေ့တွေကြား
အရှင် လတ်လတ် အော်ဟစ်ပျောက်ဆုံး
သွားကြတဲ့ အဖေ ။ အမေ ။ လူမမည် ကလေးငယ်တွေ။

ဘာအတွက်ကြောင့်များ ကောင်းကင်ဘုံ တံခါး ကြိုပွင့်ခဲ့သလဲ ဆိုတာ နံနက်ခင်း သတင်းမှာတော့ ကြိုတင် မကြေငြာခဲ့ပါ။

ဒါပေမယ့် အလုပ်ဝင် အလုပ်သွားနေကြ ရုန်းကန်နေကြတဲ့ ဆစ်ခ် လူမျိုး တွေ ကြား နေမင်းကြီးမြင့်လာချိန် နှင့် တစ်ပြိုင်နက် ပြဿနာ တစ်ခု က ဆီးကြို ခဲ့ပါပြီ။
ထိုအချိန်တွင် ရေဒီယို သတင်း ဌာနတွေဆီမှလည်း အစီအရီ ကြေငြာလို့နေခဲ့ပါသည်။

ဒီအရေးကြီးသတင်းကတော့

" Indira Gandhi ( အိန္ဒိယနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ) အား အနီးကပ်နေသက်တော်စောင့် ဆခ်လူမျိုးများက လုပ်ကြံခဲ့ "တဲ့
သတင်း ပဲဖြစ်ပါတယ်။

ဒီသတင်းဟာ မွန်းတည့် ချိန် နေပြင်းသကဲ့သို့ အိန္ဒိယ လူမျိုးအများစုရင်ထဲ သွေးဆူ လာခဲ့ကြပါတယ်။" ဆခ် ဟူသမျှ သတ်ကြ " ဆိုသလို နိုင်ငံရေး လှုံှု့ ဆော်သူတွေကြောင့်လည်း ပဋိပက္ခ အသွင် ဖြစ်လာခဲ့ကြပါတယ်။

တွေ့လျှင် သတ် / မမိလျှင် အိုးအိမ် ဖျက်ဆီး ၍ ရွှေငွေ လုယူခြင်း စသည်အထိ ဆိုးရွားခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဆစ်ခ် လူမျိုးများဟာ အသက်အတွက် ရုန်းကန်ပြေးကြရပါတော့တယ်။ တစ်ချိန်က တစ်ရပ်ကွက်ထဲနေခဲ့သော်ငြားလည်း နိုင်ငံရေး သွေးကြွမှုတစ်ခုတည်းဖြင့် နေ့ညချင်း အမြင် ပြောင်းခဲ့ကြပါပြီ။

"သွေး ချောင်း စီး စေခဲ့ပါပြီ "

"ဆစ်ခ် ဆစ်ခ် သတ် သတ် " ဟူ၍ ကြွေးကြော်သံတစ်ချို့ဟာ ကျော ချမ်းစရာ ကောင်းခဲ့ပါပြီ။

အဓိက အားဖြင့် ဒီကားလေးမှာတော့ ဆစ်ခ်မိသားစု တစ်စု ရဲ့ ထွက်ပြေးမှု ကို သည်းထိတ်ရင်ဖို ဖြစ်အောင် ရိုက်ကူးထားတာပါ ။ ဒီထွက်ပြေးမှုကြား
ညီအစ်ကို သွေးချင်းပမာ ရင်းနှီး ခဲ့သည့် ဟင်ဒီ လူမျိုး အချို့၏ စိတ်ထားကောင်းမွန်မှုကိုလည်း ရိုက်ကူးထားပါသေးတယ်။ သူငယ်ချင်းပီသမှု / ရိုင်းပင်း အနစ်နာခံမှုတွေနဲ့ ကူညီတတ်ပုံတွေကလည်း သင်ခန်းစာရယူစရာ ဖြစ်ခဲ့ပါတယ်။

ဒီဇာတ်ကား ဟာ 1984 ခုနှစ်၏ ပဋိပက္ခကို ဖော်ဆောင်ပြီး အပြစ်မရှိစွာ အသတ်ခံရသော ဆစ်ခ်တို့၏ တရားမျှတမှုကို တောင်းဆို ထားတဲ့ ဇာတ်ကားလေးပါ။ ဒါပေမဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေကြား သွေး အိုင် ထွန်းပုံတွေကတော့ ဝမ်းနည်းဖွယ်အတိဖြစ်ခဲ့ရပါတယ်။
တကယ့်ကို ရသ ဆန်ဆန် ပေးစွမ်းနိုင်သည်မှာတော့ ငြင်းဖွယ်မရှိလှပါ။

ဇာတ်ကား အဆုံးတွင်မူ

" ညီနောင် တို့ ……… အပြစ်မရှိစွာ အသတ်ခံရမှုတွေကြား အမှန်တရား ပျောက်ဆုံးခဲ့တာ နှစ်ချီခဲ့ကြပြီ။ တရားမျှတမှု နောက်ကျနေခြင်းသည် အမှန်တရားကို ငြင်းဆိုခြင်းပင် ဖြစ်သည် "

" ယခု ဇာတ်ကားသည် တရားမျှတမှုတစ်ခုဖြစ်သည့်အပြင် ဆစ်ခ် လူမျိုး တို့ အတွက် ညီအစ်ကို ရင်း ပီသစွာ အသက်ရင်း ကာကွယ်ပေးခဲ့သော ဟင်ဒီ လူမျိုးများအား လည်း ဦးညွှတ် အလေးပြုခြင်း ဖြစ်ပါသည် " ဟူ၍ ……

0 comments:

Post a Comment