Waiting for the Barbarians (2019)

 

Rating : 5.9/10
Country : United State
Genre : Drama
Cast : Mark Rylance, Johnny Depp, Robert Pattinson 
Released Date : 2019
Duration : 1h 52min

အညွှန်း
aiting for the Barbarians ဆိုတဲ့ ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ မင်းသားကြီး(၃)ယောက်ဖြစ်တဲ့ Johnny Depp, Mark Rylance နဲ့ Robert Pattinson တို့ ပါဝင်ထားပဲ ဖြစ်ပါတယ် Johnny နဲ့ Robert အကြောင်းတော့ အထွေအထူးပြောစရာ မရှိပါဘူး Mark Rylance ကတော့ BFG ဇာတ်ကားထဲက ဇာတ်လိုက်ဘီလူးကြီးနေရာ သရုပ်ဆောင်ခဲ့တဲ့သူပါပဲဒီဇာတ်ကားမှာဆိုရင် Johnny ကို ကာနယ် ဂျိုးလ်အဖြစ် Mark ကို အရာရှိအဖြစ်နဲ့ Robert ကိုတော့ အရာရှိမန်ဒယ်အဖြစ်တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်
နယ်စပ်ဒေသ ခံတပ်မှာတာဝန်ထမ်းဆောင်နေတဲ့ အရာရှိအနေနဲ့ တာဝန်ထမ်းဆောင်ရင်းအချိန်ကြာလာတဲ့အခါ သူ့ရဲ့တိုင်းပြည်အပေါ်သစ္စာစောင့်တည်မှုက မေးခွန်းထုတ်စရာဖြစ်လာခဲ့တယ်
လွန်ခဲ့တဲ့နှစ်တွေက ပုံမှန်ဖြစ်နေကြ နယ်မြေသိမ်းကိစ္စမှာ
နယ်စပ်ဒေသက လူရိုင်းတွေကို တောင်တန်းဒေသတွေမှာ အတင်းအကြပ်ရွေ့ပြောင်းနေထိုင်စေမှု ဖိနှိပ်ချုပ်ချယ်မှုတွေကို ဒီဇာတ်ကားမှာတွေမြင်ရမှာဖြစ်ပါတယ်Markအနေနဲ့သူ့တာဝန်ထမ်းဆောင်တဲ့နယ်ပယ်က လူရိုင်းတွေနဲ့သင့်မြတ်ပေမဲ့ ကာနယ် ဂျိုးလ်ရောက်လာချိ်န်မှာ ဆက်ဆံရေးတွေပျက်ပြားလာခဲ့တယ် ထိုအချက်ကပဲ Mark နဲ့ ကာနယ် ဂျိုးလ် တို့သဘောထားကွဲလွဲမှုတွေဖြစ်လာပြီး
နောက်ပိုင်းသူတို့၂ယောက်ဘယ်လို စခန်းသွားကြမလဲဆိုတာရယ် Mark အနေနဲ့ လူရိုင်းဘက်ပဲနေမလား
အင်ပါယာအတွက်ပဲသစ္စာစောင့်တည်မလား ဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

0 comments:

Post a Comment