Game of Death II (1981)

 

Rating : 5.2/10
Country : China 
Genre : Action, Crime, Mystery 
Cast : Bruce Lee, Tae-jeong Kim, Jang-Lee Hwang
Released Date : 1981
Duration : 1h 36min

အညွှန်း
Bruce Lee fan တိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာ Bruce Lee ဟာ ဘီလီလိုဆိုတဲ့ဇာတ်ရုပ်နဲ့ပါ၀င်သရုပ်ဆောင်ထားပြီးမိတ်ဆွေတစ်ယောက်ရဲ့ ထူးဆန်းတဲ့သေဆုံးမှုကို
လိုက်စုံစမ်းနေတဲ့သူဖြစ်ပါတယ်။ဒါပေမယ့် သူဟာလည်း အသတ်ခံလိုက်ရပြီးနောက်မှာသူ့ရဲ့ညီက သူ့အတွက်ကလဲ့စားချေတဲ့ပုံစံကိုတွေမြင်ရမှာပါ။ဇာတ်လမ်းလေးကဒါပါပဲ။ Bruce Lee ပါတာမှ နည်းနည်းလေး။ဒါဆိုဘာလို့ Burce Lee fan တိုင်းကြည့်သင့်တယ်လို့ပြောတာလဲ။
ဘာလို့ဆို ဒီဇာတ်ကားက သူနောက်ဆုံးရိုက်ခဲ့တဲ့ဇာတ်ကားမလို့ပါ။ပြီးတော့ သူအသတ်ခံလိုက်ရတဲ့အခန်းဟာ အပြင်မှာလည်းတကယ်သေသွားခဲ့တာပါ။ထူးခြားဆန်းကြယ်တဲ့ Bruce ရဲ့သေဆုံးမှုကို မျက်မြင်ခံစားရမှာပါ။ပြီးတော့ ဒီရုပ်ရှင်မှာ သူ့ရဲ့စည်ကားသိုက်မြိုက်ပြီးခမ်းနားတဲ့တကယ့်အသုဘအခမ်းအနားက ပုံရိပ်တွေကိုထည့်သွင်းအသုံးပြုထားတဲ့အတွက်Burce ဟာ ဘယ်လိုလူလဲဆိုတာ လူတွေသူ့ကိုဘယ်လောက်လေးစားကြတယ်ချစ်ခင်ကြတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ ကဲအားလုံးပဲ။ကြီးကျယ်ခမ်းနားတဲ့အက်ရှင်မင်းသားကြီးအတွက်အလွမ်းပြေလေး ကြည့်ရှုခံစားလိုက်ကြပါဦး။

0 comments:

Post a Comment