Very Ordinary Couple (2013)

 

Rating : 6.3/10
Country : Korea
Genre : Comedy, Drama, Romance
Cast : Moo-Seong Choi, Yeon-Soo Ha, Min-hee Kim
Released Date : 2013
Duration : 1h 52min

အညွှန်း
အခုမိတ်ဆက်ပေးမယ့်ကားလေးကတော့ Very ordinary couple ဆိုတဲ့ ရိုးရှင်းတဲ့ကားလေးပဲဖြစ်ပါတယ်

ဒီကားလေးထဲမှာတော့ အပြင်မှာလည်းဖြစ်နေကျဖြစ်တဲ့ ချစ်သူရည်းစားကြားကပြဿနာတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်

ဒီကားလေးရဲ့အဓိကဇာတ်ဆောင် လီဒုံဟီးနဲ့ဂျန်းယောင်းတို့ဟာ နှစ်တော်တော်ကြာကြာတွဲခဲ့တဲ့ချစ်သူတွေဖြစ်ပြီး ခနခနရန်ဖြစ်ကြရာက စိတ်သဘောထားမတိုက်ဆိုင်မှုတွေကြောင့်လမ်းခွဲခဲ့ကြပါတယ်

ဒါပေမယ့် သူတို့နှစ်ဦးက အလုပ်လုပ်တဲ့နေရာကလည်းတူ ဌာနချင်းကလည်းတူနေတော့ တစ်ဦးနဲ့တစ်ဦးမသိချင်ယောင်ဆောင်ပြီးနေလို့မရတဲ့အခြေအနေမှာဖြစ်ပါတယ်

အကြောင်းမတိုက်ဆိုင်မှုတွေကြောင့်လမ်းခွဲခဲ့ကြတဲ့နှစ်ဦးသားဟာ တကယ်စိတ်ထဲကတော့မပြတ်နိုင်ဘဲ တစ်ယောက်ကိစ္စတစ်ယောက်ဝင်စွတ်ဖက်ရင်း ထပ်ပြီးကတောက်ကဆတွေဖြစ်လာပါတော့တယ်

အကြောင်းမတိုက်ဆိုင်တာတွေများလွန်းတဲ့ဒီနှစ်ယောက်ဟာ တကယ်ပဲကိုယ့်လမ်းကိုယ်သွားနိုင်မှာလား ပြန်ပေါင်းဖက်နိုင်မှာလားဆိုတာကိုတော့ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်ကွက်ပြဿနာလေးတွေနဲ့ ပုံဖော်သွားတာကိုတွေ့မြင်ရမှာပါ


0 comments:

Post a Comment