The New Shaolin Boxers (1976)

 

Rating : 6.3/10
Country : China
Genre : Action, Drama
Cast : Sheng Fu, Jenny Tseng, Hsia Hui Wu 
Released Date : 1976
Duration : 1h 36min

အညွှန်း
1976တုန်းကရှောင်လင်သိုင်းကားတကားတင်ဆက်ပေးလိုက်ပါတယ်(တကယ်လိုက်ကျင့်လို့ရတယ်နော် လေပေါ်လုံးဝမပျံပြထားဘူး)ဇာတ်လမ်းအကျဥ်း – ကျုံးကျန်းဟာ မဟုတ်မခံအမှန်တရားကိုမြတ်နိုးပြီး
သူ့ရှေ့မှာမတရားမှုတွေ့လာတိုင်းဆိုင်ဆိုင်မဆိုင်ဆိုင်ကိုယ့်ထမင်းကိုယ်စားပြီး ဝင်ရောက်ကူညီတတ်တဲ့သူငယ်ပါ။ဒါပေမယ့် ခေတ်ရေစီးကြောင်းအရအဲ့ခေတ်ကလူတွေဟာအေးအေးဆေးဆေးနားအေးပါးအေးနေရတာကိုအတော်သဘောကျသူများဖြစ်ပါတယ်။ဒါနဲ့ပဲသူနေထိုင်ရာနယ်မြို့လေးကလူတွေအကုန်လုံးကသူ့ကိုမုန်းတီးရွံရှာနေခဲ့ပါတယ် ။အကြောင်းကတော့ သူကငြိမ်ငြိမ်မနေပဲ မတရားတာမြင်တိုင်းဝင်ပါနေလို့ပါတဲ့ ။ဒီလိုနဲ့ မြို့ခံစီးပွားရေးသမားတွေကလည်းမုန်းလူမိုက်ဂိုဏ်းကလည်းမျက်စိစပါးမွှေးစူးလာတဲ့အတွက်သူသင်နေတဲ့သိုင်းသင်တန်းကျောင်းကပါအထုတ်ခံခဲ့ရပါတယ်။ဒါပေမယ့်သနားဂရုဏာ​သက်မိတဲ့ဆရာကတောတွင်းကိုသွားရောက်တိမ်းရှောင်နေပြီးအဲ့တော့ထဲမှာသီတင်းသုံးနေတဲ့ဆရာတော်ကြီးဆီကရှောင်လင်သိုင်းရဲ့အနှစ်ချုပ်ဖြစ်တဲ့ ချိုက်လိဖော်သိုင်းကိုသင်ယူဖို့လမ်းညွှန်ပြပေးခဲ့ပါတယ်။တောထဲမှာ နေနေရင်းက အိမ်ပြန်လာတဲ့အခါသူ့ဆရာကိုသတ်သွားတဲ့သတင်းကြားလိုက်ရတဲ့အတွက်လက်စားချေဖို့သူဆုံးဖြတ်ခဲ့ပါတယ်။အဲ့အချိန်မှာပဲ သူညီမလေးလိုချစ်ရတဲ့ ကောင်မလေးကိုသူ့ရည်းစားကလူမိုက်တွေနဲ့ပေါင်းပြီးဘဝကိုဖျက်ဆီးဖို့ကြံလာတဲ့အခါ ကျုံးကျန်းဟာသူ့ရဲ့ဗီဇအတိုင်းဘယ်လိုတွေဝင်ရောက်လှုပ်ရှားမယ်ဆိုတာကြည့်လို့ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။

0 comments:

Post a Comment