The Magic Kids - Three Unlikely Heroes (2020)

 

Rating : 4.6/10
Country : United State
Genre : Adventure, Family, Fantasy
Cast : Christian Berkel, Arsseni Bultmann, Butz Ulrich Buse 
Released Date : 2020
Duration : 1h 37min

အညွှန်း
 ဒဏ္ဏာရီအကြောင်းလေးကို ပေါ့ပေါ့ပါးပါးပုံစံလေးနဲ့ ရိုက်ကူထားတဲ့ ကားလေးတစ်ကားပါ။

လူမသိသူမသိတောအုပ်ထဲမှာ မှော်ဝင်မြို့တစ်မြို့ရှိပါတယ်၊ ညသတ္တဝါတွေလို့ တင်စားခေါ်ဝေါ်တဲ့ ‌သွေးစုပ်ဖုတ်ကောင်တွေ သမန်းဝံပုလွေတွေ မှင်စာတွေ စုန်းတွေ အစရှိတဲ့ သတ္တဝါတွေနေတဲ့မြို့ပေါ့၊ အဲ့မြို့ကို ပြင်ပလူ့လောကမှာ မွေးကတည်းကကြီးပြင်းလာခဲ့ရတဲ့ ဗလက်ဆိုတဲ့သွေးစုပ်ဖုတ်ကောင် လေးက သူ့အဖေနဲ့ အတူ အဲ့ဒီမှော်ဝင်မြို့ကို မြို့တော်ဝန်ရဲ့ဖိတ်ကြားချက်အရ မှော်ဝင်ကျောင်းကို တက်ဖို့ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ဗလက်အဲ့မြို့ကို ရောက်လာရတဲ့တကယ့်အကြောင်းတရားတွေ ရှိပါတယ်၊ ဒါကိုဗလက်ရော သူ့အဖေရောက လုံးဝမသိခဲ့ပါဘူး၊ တကယ့် အဖြစ်မှန်တွေပေါ်ပေါက်လာတဲ့အချိန်မှာတော့ ဗလက် ရယ် သူ့ရဲ့ သူငယ်ချင်းအသစ်တွေဖြစ်လာခဲ့တဲ့ ဝုဖ် ဆိုတဲ့ သမန်းဝံပုလွေကောင်လေးရယ် ဖေလ်းဆိုတဲ့ မှင်စာမလေးရယ် သုံးယောက်အတူပေါင်းပြီး စွန့်စားခန်းတွေဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပရိတ်သတ်တို့ကြည့်ရှုရမှာပါ။

သွေးစုပ်ဖုတ်ကောင် တွေ သမန်းဝံပုလွေတွေပါတယ် ဆိုပေမယ့် ကြောက်စရာမကောင်းပဲနဲ့ ဟာသဆန်ဆန်ပေါ့ပေါ့ပါးပါးလေးရိုက်ကူးထားတာပါ၊ ကလေးတွေလည်းကြည့်လို့ရတာပေါ့ … ကဲပရိတ်သတ်ကြီးရေ ဗလက်တို့ သူငယ်ချင်း သုံးယောက် ဘယ်လိုစွန့်စားခန်းတွေကို ရင်ဆိုင်ရမယ် သူတို့ဘယ်လိုဖြေရှင်းကြမယ်ဆိုတာ

0 comments:

Post a Comment