Secret Forest 2 (2020)

 

16 Episodes

Rating : 8.7/10
Country : South Korean
Genre : Thriller,Mystery,Crime,Drama,Investigation
Cast : Jo Seung Woo,Bae Doo Na,Lee Joon Hyuk,Yoon Se Ah,Jeon Hye Jin,Choi Moo Sung

2017 တုန်းက Stranger ဆိုတဲ့ နာမည်နဲ့ တစ်မျိုး Secret of Forest ဆိုတဲ့ တစ်မျိုး လူကြိုက်များခဲ့တဲ့ စုံထောက်ဇာတ်လမ်းတွဲလေးဟာ Season 2 အဖြစ် ပြန်လာခဲ့ပါပြီ...
ကိုရီးယားစုံထောက်ကားတွေရဲ့ ထုံးစံအတိုင်း လုံးဝခန့်မှန်းမရနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို တကယ့် ဝါရင့် မင်းသား မင်းသမီးကြီးတွေရဲ့ အရမ်းမိုက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ တွေ့ရမှာပါ...
Season 1 တည်းက ကြည့်ခဲ့တဲ့ ပရိတ်သတ်တွေကတော့သိလောက်မှာ ဖြစ်ပေမယ့်လည်း... ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်...ငယ်စဉ်က ဦးနှောက်ခွဲစိတ်မှုလုပ်ခဲ့ရလို့ စိတ်ခံစားမှုတွေမရှိတော့သလိုဖြစ်သွားတဲ့ မင်းသား ဟွမ်ရှီမို့ဟာ စုံစမ်းရေးမှူးတစ်ယောက်ဖြစ်လာပြီးနောက်မှာ ဖြောင့်မတ်တည်ကြည်လွန်းတဲ့သူဖြစ်တဲ့အပြင် အလုပ်အရ အေးစက်ပြတ်သားနေရတဲ့ သူတစ်ယောက်ဖြစ်ပေမယ့်လည်း အတွင်းစိတ်ထဲမှာတော့ အထီးကျန်နေရသူတစ်ဦးဖြစ်ပြီး...သွက်လက်ပြီး နွေးထွေးတတ်တဲ့ ရဲမေလေး ဟန်ယောဂျင်းနဲ့ တွေ့ဆုံဖို့ ဖြစ်လာခဲ့ပြီး နှစ်ယောက်ပူးပေါင်းပြီး ကွင်းဆက်လူသတ်မှုတွေကို စုံစမ်းဖော်ထုတ်ကြတဲ့ မှုခင်းစုံထောက်ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်
Season 1 မှာတည်းက လူကြိုက်များအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့အတွက်... ဒီ Season 2 မှာရော ဘယ်လို ဇာတ်ကွက်မျိုးတွေကို စောင့်ကြည့်ရမလဲဆိုတာကတော့ ရင်ခုန်စရာပါပဲ

0 comments:

Post a Comment