Raaz Reboot (2016)

Rating : 4.4/10
Country : India
Genre :   Horror, Mystery, Romance 
Cast : Emraan Hashmi, Kriti Kharbanda, Suzanna Mukherjee
Released Date : 2016
Duration : 2h 8min

အညွှန်း
Raaz ဆိုတဲ့နာမည်မြင်တာနဲ့ အိန္ဒိယသရဲကားပရိတ်သတ်ကြီးတော်တော်များများသိပြီးသလောက်ဖြစ်မှာပါ။ဒီကားလေးကတော့ ၂၀၁၆ စက်တင်ဘာလ ၁၆ ရက်နေ့ကမှ ထွက်ရှိထားတဲ့ ကားသစ်လေးဖြစ်ပါတယ်။အရင်ထွက်ထားခဲ့တဲ့ Raaz 1,2,3 ထက်ပိုပြီးကြည့်လို့ကောင်းစေမှာအမှန်ပါပဲ။Draculaအကြောင်းကမ္ဘာေRကျာ်တဲ့ ရိုမေးနီးယားနိုင်ငံမှာသွားရိုက်ထားတာပါ။ နှင်းတွေဖွေးနေတဲ့ရိုမေးနီးယားရဲ့ရှုခင်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး Hotel Transylvania ကိုလည်း ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။Raazဇာတ်ကားတွေရဲ့ပင်တိုင်မင်းသားကြီး Emraan Hashmiကတော့ဒီကားထဲမှာ အရင်ကားတွေထက်ထူးခြားတဲ့ကာရိုက်တာကိုသရုပ်ဆောင်ထားပါတယ်။
နောက်ထပ်အဓိကမင်းသားတစ်ယောက်တော့ Gaurav Aroraပါ။မင်းသမီးသစ် Kriti Kharbanda ကလည်း သူမရဲ့ပထမဆုံးဇာတ်ကားလေးဖြစ်တဲ့အတွက် အစွမ်းကုန်ကြိုးစားသရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားက တခြားကုလားသရဲကားတွေလို မကြောက်ကြောက်အောင် ဖြဲခြောက်ထားခြင်းမဟုတ်ဘဲ ဇာတ်လမ်းအဆက်ဆက်ချိတ်မိအောင် ဇာတ်အိမ်ကိုတည်ဆောက်ထားပါတယ်။နောက်ဆုံးထွက်ထားတဲ့ 1920 London ဇာတ်ကားထက် ပရိသတ်ကြီးအကြိုက်တွေ့စေမှာအမှန်ပါပဲ။

0 comments:

Post a Comment