Guppy (2016)

Rating : 8.1/10
Country : India
Genre :  Comedy, Drama, Family
Cast : Chethan Jayalal, Tovino Thomas, Sreenivasan 
Released Date : 2016
Duration : 2h 38min

အညွှန်း
bollywood fanတွေရော Tamil fanတွေအတွက်ပါ တမူးထူးခြားတဲ့ ဇာတ်အိမ်လေးနဲအကြမ်းကြီးမဟုတ်ပေမယ် ကားကအအေးကြီးလည်းမဟုတ်ပါဘူး။သူဟာသူ ကားအစကနေအဆုံးထိ ဆွဲခေါ်သွားစေမယ် ဇာတ်အိမ်ကောင်းတဲ့ကားတခုလို့တော့ဆိုနိင်ပါတယ်။ ၂၀၁၆ခုနှစ် သြဂုတ်လမှာ ထွက်ရှိထားတဲ့ Guppy ဆိုတဲ့ အိန္ဒိယ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ၊ Chethanlal နဲ့ Tovino Thomas တို့အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်၊ ဒီဇာတ်ကား ထဲမှာတော့ Chethanlal ဟာ ငါးရောင်းတဲ့ေ ကာင်လေး Guppy နေရာကနေ သရုပ်ဆောင် ထားပြီး အောက်ပိုင်းသေနေတဲ့သူ့အမေအတွက် ဝှီးချဲးလေးဝယ်ပေးချင်တဲ့ဆန္ဒပြင်းပြနေပါတယ်၊
Guppyဆိုတဲ့ဒီဇာတ်ကားလေးကတော့ ဇာတ်ကားရဲ့မင်းသားနာမည်လေးကိုယူထားတာဖြစ်ပါတယ်။ Drama ဇာတ်ကားလေးတစ်ကားလဲဖြစ်သလို မပျင်းရအောင် Comedyအခန်းလေးတွေလဲထည့်ထားပါတယ်။ Guppyဆိုတဲ့အိမ်မွေးငါးငယ်လေးတွေကိုမွေးမြူရောင်းချရင်း Guppy ဆိုပြီးတော့အမည်တွင်ခဲ့ရသူပါ။ ဖခင်ဖြစ်သူဆုံးပြီးကတည်းက ကိုယ်တိုင်ငွေရှာဖွေ ကျန်းမာရေးမကောင်းတဲ့မိခင်ကိုစောင့်ရှောက်ပြီး ဘဝကိုရုန်းကန်နေရသူတစ်ယောက်ပါ။ သူတို့နေတဲ့မြို့ကိုတံတားဆောက်ဖို့အင်ဂျင်နီယာတွေရောက်လာတဲ့အခါ အင်ဂျင်နီယာခေါင်းဆောင်နဲ့ ဘယ်လိုပဋိပက္ခတွေဖြစ်ကြလဲ။
အင်ဂျင်နီယာခေါင်းဆောင်နဲ့Guppyရဲ့ကြားကပြဿနာတွေက ဘယ်လိုတွေစဖြစ်လို့ ဒီလိုကြီးမားလာသလဲ၊ အမှန်တရားကကောဘာလဲ။ Guppyတစ်ယောက်ဘဝကို ဘယ်လိုကြိုးစားရုန်းကန်လဲ။
Guppyငါးလေးတွေက်ုိသူဘယ်လောက်ချစ်သလဲ။ ဇာတ်ကားလေးမှာဆက်လက်ရှုစားကြပါ

0 comments:

Post a Comment