Pink (2016)

 

Rating : 8.1/10
Country : India
Genre :  Drama, Thriller
Cast :  Taapsee Pannu, Amitabh Bachchan, Kirti Kulhari
Released Date : 2016
Duration : 2h 16min

အညွှန်း
အမျိုးသမီးတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..အခွင့်အရေးတွေကို ပညာသားပါပါထည့်သွင်းရိုက်ကူးထားလို့ နာမည်ကြီးတဲ့Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Rating တွေလဲကောင်းမွန်လှပါတယ်။
ဇာတ်လမ်းကတော့……မီနယ်အရိုရာ၊ ဖယ်လက်အ လီနဲ့ အန်ဒရီယာတို့ သုံးယောက် ဟာ ဒေလီတောင်ပိုင်းက လူကုံ ထံရပ်ကွက်တစ်ခုမှာ အိမ်ငှားနေ ကြပြီး လုပ်ငန်းခွင်တွေမှာ အလုပ်ဝင်နေကြသူတွေပါ။တစ်ညမှာ တော့ ရော့ခ်ဂီတပွဲကြည့်အပြီးမှာ ရာ့ဂျ်ဗီးရားဆိုသူက ညစာစားပွဲ ဖိတ်ကြားတဲ့အတွက် သွားခဲ့ကြပါ တယ်။ ရာ့ဂျ်ဗီးရားက ဒေလီတောင်ပိုင်းက အာဏာရှိနိုင်ငံရေး သမားရဲ့တူပါ။
ဒီလိုနဲ့ အပန်းဖြေအိမ်တစ်ခု မှာ မင်နယ်တို့ သုံးယောက်ရယ်၊ ရာ့ဂျ်ဗီးရားနဲ့ သူ့အပေါင်းအသင်း နှစ်ယောက်ရယ် စားကြသောက် ကြပြီး အခွင့်အရေးကို စောင့်နေ တဲ့ အမျိုးသားသုံးယောက်ဟာ ကောင်မလေးသုံးယောက်နဲ့ တစ် တွဲစီဖြစ်အောင် ကြံဖန်ခဲ့ကြပါ တယ်။ တကယ်တော့ မင်နယ်နဲ့ ရာ့ဂျ်ဗီးရားတို့ဟာ သာမန်မိတ် ဆွေအဆင့်သာ ခင်မင်ကြတာဖြစ် ပြီး ရာ့ဂျ်ဗီးရားက မင်နယ်ကို ဗလက္ကာရလုပ်ဖို့ ကြိုးစားခဲ့တာ ကြောင့် မင်နယ်က အနားက ပုလင်းကို ရိုက်ခွဲပြီး ရာ့ဂျ်ဗီးရားရဲ့ မျက်လုံးကို ထိုးခဲ့ပါတယ်။ မင်နယ်ရဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း ကိုယ်ထိလက်ရောက်စော်ကားတာကို လက်မခံခဲ့ကြပါဘူး။ရာ့ဂျ်ဗီးရားနဲ့ သူ့သူငယ်ချင်း တွေဟာ ဖြစ်ခဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကောင်မလေးသုံးယောက်ဆီကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒါနဲ့ မင်နယ်ဟာ ရဲဌာနကိုသွားပြီး ရာ့ဂျ်ဗီးရား နဲ့ သူ့သူငယ်ချင်းတွေရဲ့ လုပ်ရပ်ကို အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။
ရာ့ဂျ်ဗီးရားရဲ့ မိသားစု နောက်ခံအနေအထားကိုသိတဲ့ အမျိုးသမီးရဲအရာရှိဟာ မင်နယ်အမှုဖွင့်တာကို လက်မခံခဲ့ပါဘူး။ ရာ့ဂျ်ဗီးရားကလည်း ဦးလေးရဲ့ အာဏာပါဝါကိုသုံးပြီး အမှန်ကို အမှားဖြစ်အောင် ဖန်တီးကာ မင်နယ်တို့သုံးယောက်ကို မိန်းမပျက်တွေလို့ စွပ်စွဲပြီး မင်နယ်ကို အသက်ကိုရန်ရှာမှုနဲ့ တရားစွဲခဲ့ပါ တယ်။ အကယ်၍သာ အမှုရှုံးသွားခဲ့ရင် မင်နယ်ဟာ ထောင် ၁၀ နှစ်လောက် ကျခံရဖို့ရှိနေပါတယ်။စိတ်ကျရောဂါခံစားနေရတဲ့ အငြိမ်းစားရှေ့နေကြီး ဒီပက်ဆာဂေါလ်ဟာ မင်နယ်တို့သုံးယောက်ရဲ့ အိမ်နီးချင်းဖြစ်ပြီး သူတို့ရဲ့ ပြဿနာအစအဆုံးကို သိရှိသူလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ရှေ့နေကြီးက သူ့ဇနီးနဲ့တိုင်ပင်ပြီး ဒုက္ခတွေ့နေတဲ့ မိန်းကလေး သုံးယောက်ရဲ့အမှုကို လိုက်ဖို့ဆုံး ဖြတ်ခဲ့ပါတယ်
မိသားစုနောက်ခံအင်အားသုံးပြီး မတရားမှုလုပ်နေတဲ့ ရာ့ဂျ်ဗီးရားတို့အမှုပေါ်အောင် မစ္စတာ ဒီပက်က ဘယ်လိုလုပ်မှာလဲ။ မင်နယ်တို့သုံးယောက်အတွက် အမှန်တရားကို ဖော်ထုတ်ခွင့်ရမှလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ တရားခွင်မှာ အမှန်တရားထွက်လာအောင် စစ်ဆေးဖော်ထုတ်တာတွေကို ရှုစား ရမှာဖြစ်လို့ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းမယ့် ဇာတ်ကားလေးလို့ ထင်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်ထားသူတွေက အမီတာဘက်ချန်း၊ တာ့ပ်ဆီပန်နူး၊ ကာတီကာလ်ဟာရီ၊ အန်ဒရီရာတာရီအန်း၊ အန်ဂတ်ဘီဒီ စသူတွေပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment