Kal ho naa ho (2003)

Rating : 8.0/10
Country : India
Genre :  Comedy, Drama, Romance
Cast :  Preity Zinta, Shah Rukh Khan, Saif Ali Khan
Released Date : 2003
Duration : 3h 6min


အညွှန်း
အချစ်ဆိုတာ…
အသက်အရွယ် မခွဲခြားပါဘူးလေ…
နှလုံးသားသာရှိဖို့ပဲ လိုတာပေါ့…ကျောင်းသားလေးတစ်ယောက်ဟာ ကိုယ့်ရဲ့
အိမ်နီးချင်း ကောင်မလေးကို ချစ်မိသွားတယ်…
ဒါအပြစ်လား… ချစ်မိတာ အပြစ်ဖြစ်မလား
ဘယ်ဟုတ်ပါ့မလဲ…ကိုယ့်သူငယ်ချင်း အဆင်ပြေဖို့အတွက်နဲ့
ကိုယ် တစ်ဖက်သက်ချစ်နေရတဲ့ ကောင်မလေးကို
အောင်သွယ်ပေးခဲ့ရတဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့
ဒုက္ခကိုလည်း ဆင်ခြင်ပေးသင့် စာနာပေးသင့်တာပေါ့လေ…ဒီဇာတ်လမ်းက ရိုးရိုးလေးပဲရယ်…
ဒါပေမယ့် ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံအတိုင်းပဲ
ဒရာမာကို ပီပြင်အောင် သရုပ်ဖော်ခဲ့မှုကြောင့်
Rotten Tomatoes ကြီးရဲ့ အဖွဲ့ဝင်တွေက
၇၇ ရာခိုင်နှုန်းပေးခဲ့ပြီး ကြည့်ရှုသူတွေက ၉၁ရာခိုင်နှုန်းတဲ့…
IMDB က 8/10, Netflix ကလည်း 8/10 တဲ့
Rating တွေ ဒီလောက် ကောင်းနေရတာ အလကားမှ မဟုတ်ခဲ့တာပဲဟာ…
ရိုက်ကူးခဲ့ရာမှာ သန်းနဲ့ချီသုံးခဲ့တဲ့ တန်ကြေးဟာ
ကြည့်ရှုသူတွေရဲ့ အကောင်းဘက်နွယ်တဲ့
မှတ်ချက်တွေကို ရခဲ့တယ်…ဒါတင်ပဲလား မဟုတ်ပါဘူး နဂိုထဲက နာမည် တစ်ရိပ်ရိပ်တက်နေတဲ့ မင်းသား ရှာရွတ်ခန်းကို
နာမည် အရှိန်တင်ပေးတဲ့ ဇာတ်ကားလည်း
ဖြစ်ခဲ့တာပေါ့

0 comments:

Post a Comment