Om Shanti Om (2007)



Rating : 6.7/10
Country : India
Genre :  Action, Comedy, Drama 
Cast : Shah Rukh Khan, Deepika Padukone, Arjun Rampal
Released Date : 2007
Duration : 2h 42min 


အညွှန်း
Bollywood ဇာတ်ကားကောင်းတွေကို မျှော်လင့်နေကြတဲ့ပရိသတ်တွေအတွက် IMDB rating 6.6 /10 နဲ့ ဆုပေါင်းများစွာ ခူးဆွတ်နိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်း ” မက်ဟီဂျာ” ဆိုတဲ့ လူငယ်လေးရဲ့ မျှော်လင့်ခြင်းကတော့ Bollywood ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသား ဖြစ်လာဖို့ပဲဖြစ်ပါတယ်။အဲဒီအချိန် Bollywood ရုပ်ရှင်လောကရဲ့ မင်းသမီးချောလေး “ရှန်တီ “ဟာလည်း ကြော်ငြာတွေ ရုပ်ရှင်ဇာတ်ကားတွေထက်မှာ ပေါ်လွင် ထင်ရှားနေသူတစ်ဦးပါ။ “ရှန်တီ”ရဲ့အလှတွေဟာ ပုရိသအဖို့ စွဲမက်စေနိုင်ပြီး “ရှန်တီ” ကို ချစ်မြတ်နိုးသူတွေထဲမှာ “မက်ဟီဂျာ” လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ “ရှန်တီ” သရုပ်ဆောင်ရတဲ့ဇာတ်ကားမှာ “မက်ဟီဂျာ” ကံကောင်းစွာနဲ့ ခေတ္တသရုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲ့ဒီနောက် “မက်ဟီဂျာ” ဟာ “ရှန်တီ” နဲ့ ခင်မင်ခွင့်ရအောင် ကြိုးစားခဲ့တယ်။ သူရဲ့စစ်မှန်တဲ့ ချစ်ခြင်းကိုလည်း ဖွင့်ဟနိုင်အောင် ကြိုးစားခဲ့တယ်။ သို့သော် …………။ကြမ္မာ တွေဟာ ဘယ်လိုသဏ္ဍာန်နဲ့ ကဇာတ်ဆင်နေလဲ ဆိုတာ ခန့်မှန်းမရနိုင်ခဲ့ပါဘူး။

0 comments:

Post a Comment