Magic Camp (2020)

 

Rating : 6.3/10
Country : United State
Genre : Comedy, Family, Fantasy 
Cast : Adam Devine, Jeffrey Tambor, Gillian Jacobs 
Released Date : 2020
Duration : 1h 40min

အညွှန်း
“အန်ဒီဒပ်ကာမန်း”က အလွန်တော်တဲ့မျက်လှည့်ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် အကြောင်းတစ်ခုကြောင့် တက္ကစီမောင်းရင်းအသက်မွေးနေရသူဖြစ်ပါတယ်။တစ်နေ့မှာ သူ့ဆရာဟောင်းလဲဖြစ် မျက်လှည့်သင်တန်းကျောင်းတည်ထောင်သူလဲဖြစ်တဲ့ “ပရက်စတင်”က သူ့ဆီရောက်လာပြီး နွေရာသီသင်တန်းလာတက်မယ့်ကလေးတွေကို နည်းပြပေးဖို့လာပြောပါတယ်။မျက်လှည့်သင်တန်းကျောင်းရဲ့ထုံးစံအတိုင်း နောက်ဆုံးရက်မှာပြိုင်ပွဲကျင်းပပြီး ထိပ်သီးဦးထုပ်ဆုနဲ့ ရွှေတုတ်တံဆုချီးမြှင့်လေ့ရှိပါတယ်။ဒါပေမယ့်လဲ အန်ဒီတစ်ယောက် သူတာဝန်ယူပြီးနည်းပြပေးရမယ့် အဖွဲ့ဝင်ကလေးတွေက ဘာမျက်လှည့်မှသင်ကြားဖူးခြင်းမရှိသေးတဲ့ လူသစ်လေးတွေဖြစ်နေပါတယ်။အဲ့ဒါကြောင့်စိတ်ပျက်ပြီး သင်တန်းကထွက်တော့မယ့်အချိန် အဖွဲ့ထဲက “သီယို”ဆိုတဲ့ကောင်လေးရဲ့ မျက်လှည့်စွမ်းရည်ကိုအမှတ်မထင်တွေ့ရှိသွားပါတယ်။တကယ်တော့ အန်ဒီ့အဖွဲ့ထဲက ကလေးတွေဟာ ထူးချွန်တဲ့မျက်လှည့်စွမ်းရည် ကိုယ်စီရှိကြတဲ့ ရွက်ပုန်းသီးလေးတွေဖြစ်နေပြီး တစ်ခါမှသေချာမသင်ကြားဖူးသေးတာရယ်၊ကိုယ့်အစွမ်းကိုဘယ်လိုထုတ်ဖော်ပြရမလဲမသိတာရယ်ကြောင့်သာ အစွမ်းပြခွင့်မရသေးပဲဖြစ်နေတာပါ။အန်ဒီတို့အဖွဲ့ရဲ့ ပြိုင်ဘက်အဖွဲ့ကို ဦးဆောင်တဲ့သူက “ခရစ်စတီနာဒါခ့်ဝုဒ်”ဆိုတဲ့ လက်ရှိနာမည်ကြီးမျက်လှည့်ဆရာမ တစ်ယောက်ဖြစ်ပြီး အန်ဒီနဲ့အတိတ်မှာဇာတ်လမ်းတစ်ခုရှိခဲ့ဖူးတဲ့သူလဲဖြစ်ပါတယ်။ဒါ့အပြင် သူတို့အဖွဲ့မှာ မနှစ်ကမှော်တုတ်တံဆုကိုရရှိထားတဲ့သူပါပြီး အတွေ့အကြုံစကေးရှိပြီးသားသူတွေနဲ့ စုဖွဲ့ထားတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ဒီလိုတောင့်တင်းတဲ့ပြိုင်ဘက်ကို ရင်ဆိုင်နိုင်ဖို့ အန်ဒီတစ်ယောက် ရွက်ပုန်းသီးလေးတွေကိုဘယ်လို ကြီးကြပ်သင်ကြားပေးသွားမလဲ….ကလေးတွေကရော အန်ဒီသင်တဲ့အတိုင်းလိုက်လုပ်နိုင်ပါ့မလား….အန်ဒီနဲ့ခရစ်စတီနာတို့ကြားမှာရော ဘယ်လိုဇာတ်လမ်းမျိုးရှိခဲ့တာလဲ…မျက်လှည့်လောကကနေ အန်ဒီခနထွက်ခဲ့တာကရော သူနဲ့ပတ်သက်နေမလား…ဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးနော်

0 comments:

Post a Comment