Innocence (2020)

 

Rating : 6.5/10
Country : Korea
Genre : Crime, Drama
Cast : Adam Devine, Jeffrey Tambor, Gillian Jacobs 
Released Date : 2020
Duration : 1h 50min

အညွှန်း
ဒီဇာတ်ကားက ၂၀၁၉ခုနှစ်ကထွက်ရှိထားတဲ့ ရှေ့နေတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Angel’s Last Mission ထဲကမင်းသမီးShin Hye-sun ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီးအမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်းတကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။

0 comments:

Post a Comment