Lootcase (2020)



Rating : 8.0/10
Country : India
Genre : Comedy
Cast : Kunal Khemu, Rasika Dugal, Gajraj Rao  
Released Date : 2020
Duration : 2h 29min 

အညွှန်း
.အခြေခံလူတန်းစား တစ်ယောက်ဖြစ်သူ  နန်ဒန်းကူးမားတစ်ယောက်ရဲ့လက်ထဲကို
တစ်နေ့မှာ မမျှော်လင့်ဘဲ သန်း၁၀၀တန်အိတ်ကြီးတစ်လုံးသူ့လက်ထဲကိုရောက်လာခဲ့တယ်..ဒီလူက မလည်ရှုတ် ကို့ရို့ကားယားလူ….သန်း(၁၀၀)ကြီးလက်ထဲရောက်လာတော့လောဘက မသတ်နိုင်ရှာဘူး…..
အိမ်မှာသိမ်းထားမယ်….ပြီးရင် အိမ်က စက်သေနတ်ပစ်သလို ပွစိပွစိ လုပ်တဲ့မိန်းမကိုပါးစပ်လေးတွေထုတ်သုံးဖြည့်ဆည်းပေးရင် မိန်းမနိုင်ဆေးခပ်တည်တည်ဖော်မယ်ပေါ့….မိန်းမဘက်ကလည်း အပ်တိုတစ်ချောင်းတဲမယူတတ်တဲ့အမျိုးဆိုတော့ သူ့မိန်းမကိုပေးမသိဘဲအိမ်မှာဉထားမဲ့အစီအစဉ်ပေါ့..နန်ဒန်းကူးမားက လောဘရမ္မက်တွေကြောင့် သာမတွေးမိတာ…နောက်ကွယ်မှာ ဘယ်လိုအရှုတ်အထွေးတွေရှိနေတယ်ဆိုတာ သူမသိဘူး…

ကိုင်း ဒီသန်း(၁၀၀)ရဲ့နောက်ကွယ်ကပိုင်ဆိုင်သူတွေက ဘယ်သူတွေလဲ…တခြား ဒီပိုက်ဆံကိုလုပ်ဖို့ လုပ်နေတဲ့အဖွဲ့အစည်းတွေက ဘယ််လောင်တောင်များလဲ…ငပွေးတွေကြားမှာ ဘယ်ငပွေးပိုဆရာကျနေမလဲဆိုတာကိုတော့…ခံစားကြည့်ကြပါဉီး…ဒီကားက IMDb…8.0ရထားသလို ဇာတ်လမ်းလည်းကောင်းသလို နင်းကန်ပြီးလည်း ရယ်ရပါတယ်…အတင်းကြီးကလိထိုးရယ်ခိုင်းတဲ့အကွက်တွေမဟုတ်ဘဲ အလွဲတွေအချော်တွေနဲ့ သရုပ်ဆောင်ကောင်းများစွာနဲ့ရိုက်ကူးထားတာမို့ လက်မလွှတ်သင့်ပါကြောင်း…

0 comments:

Post a Comment