High & Low The Worst (2019)



Rating : 8.1/10
Country : Japan
Genre : Action 
Cast : Yo Aoi, Ken Aoki, Atsushi Arai  
Released Date : 2019
Duration : 2h 5min 

အညွှန်း
ဒီကား​လေးက​တော့ ထူးခြားတယ်ဗျ။ သူတို့ဘာသာကမ္ဘာတစ်ခုတည်ထားသလိုဖြစ်​နေတာ။ ကမ္ဘာတစ်ခုလို့ ​ပြောလိုက်လို့ Marvel တို့ DC တို့လို နာမည်​တွေနဲ့ ကမ္ဘာမဟုတ်ဘူး။ High&Low လို့​ခေါ်တဲ့ ကမ္ဘာတစ်ခု​ပေါ့။ သူက ရုပ်ရှင်လို့ပဲ ကွက်ပြီး​ပြောလို့မရဘူး။ ဘာလို့လဲဆို​တော့ High&Low ဆိုတဲ့ ​​ခေါင်းစဥ်​အောက်မှာ Tv Series ရုပ်ရှင်နဲ့ တခြား မီဒီယာလုပ်ငန်း​တွေဖြစ်တဲ့ သီချင်း​တွေ Live Show ​တွေအပြင် Mobile Game စာအုပ် မန်ဂါနဲ့ Anime ​တွေပါပါဝင်​နေပါတယ်။

High&Low ဆိုတဲ့ ကမ္ဘာမှာ​တော့ Exile Tribe လို့​ခေါ်တဲ့ LDH ကုမ္ပဏီ​အောက်က Exile, Exile The Second, Sandaime J Soul Brothers, Generations, The Rampage, Fantastics, Ballistik Boyz နဲ့ Gekidan Exile တို့ပဲ ဖြစ်ပါတယ်။ Exile Tribe ကို​တော့ 2012 က​နေ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယ​နေ့ထိ တည်ရှိ​နေတာပဲဖြစ်ပါတယ်။ Exile Tribe မှာ​တော့ သီချင်း​တွေနဲ့ အက​တွေပါဝင်မှာဖြစ်ပါတယ်။

Exile Tribe အ​ကြောင်းကို ​ပြောပြီးပြီဆို​တော့ အခု High&Low ဘက်​လေးကို တစ်ချက်ပြန်သွားမယ်။ High&Low ကို​တော့ 2015 မှာ ထွက်ရှိခဲ့တဲ့ High&Low: The Story of S.W.O.R.D. Tv Series နဲ့ စတင်ခဲ့တာဖြစ်ပြီး Season အ​နေနဲ့က​တော့ နှစ်ခုရှိခဲ့ပါတယ်။ အဲ့ဒီ​နောက်မှာ​တော့ Tv Series ​​တွေ အ​နေနဲ့ထွက်ရှိခဲ့တာဆိုရင် High&Low The DTC, The Worst Episode.O, High&Low The Best Bout တို့ပဲဖြစ်ပါတယ်။

ရုပ်ရှင်ပိုင်းအ​ကြောင်း​ပြောရရင်​တော့ 2015 မှာ ထွက်ရှိခဲ့တဲ့ အရှိန်နဲ့ 2016 မှာ Road to High&Low နဲ့ High&Low The Movie ဆိုပြီး ဖြစ်လာတာပါ။ အဲ့ဒီ​နောက်မှာ​တော့ High&Low The Movie 2 နဲ့ 3 ဆိုပြီး 2017 မှာထွက်ရှိခဲ့ပါတယ်။ Spin off ​တွေအ​နေနဲ့ဆိုရင်​တော့ High&Low The Red Rain, DTC -Yukemuri Junjou Hen- from High&Low နဲ့ ယခုတင်ဆက်​ပေးလိုက်တဲ့ High&Low The Worst တို့ပဲဖြစ်ပါတယ်။

Spin off ဆိုပြီး သွားရှုပ်လို့မရဘူး။ Rating က IMDb မှာ 8.2 ​တောင်ရှိတယ်ဗျာ။ သရုပ်​ဆောင်​တွေအ​နေနဲ့ဆိုရင်​တော့ ဂျပန်ကားဖြစ်တဲ့အတွက် ဂျပန်ကား​တွေ ​တော်​တော်များများမှာ သရုပ်​​ဆောင်ဖူးတဲ့ သရုပ်​ဆောင်​တွေ​ရော High&Low ​ရုပ်ရှင်​တွေမှာပဲ သရုပ်​ဆောင်တဲ့ သရုပ်​ဆောင်​တွေပါ​ရော​နေပါတယ်။ အဲ့ဒီထဲမှာ​တော့ Kamen Rider fan ​တွေနဲ့ ရင်းနှီး​နေမဲ့ Kamen Rider Zi-O မှာ Kamen Rider Aqua ​နေရာက သရုပ်​ဆောင်တဲ့ Atsushi Arai လဲ ပါဝင်မှာဖြစ်ပါတယ်။

ဇာတ်လမ်းအ​ကြောင်းက​တော့ Demon High School ကို Parttime နဲ့ Fulltime ဆိုပြီးနှစ်ပိုင်း ပိုင်းလိုက်ပါတယ်။Yoshiki Murayama က​တော့ Demon High School ရဲ့ ​ကျောင်းအုပ်ဖြစ်ပြီး​တော့ Kaede Hanaoka က​တော့ fulltime ကမ္ဘာကို အပိုင်သိမ်းဖို့ ရည်ရွယ်ချက်ရှိ​နေတဲ့သူပါ။ ဘာလို့ အဲ့လိုရည်ရွယ်ချက်ရှိရတာလဲဆို​တော့ တစ်​နေ့ကျရင် Murayama ကို စိန်​ခေါ်ဖို့အတွက်ပါ။

ဂျပန်ကား​တွေဆိုရင် လူ​တွေကအနုအယွ​လောက်လို့ပဲထင်တတ်ကြတယ်။ ထင်ရင်လဲထင်စရာပဲ​လေ အဲ့လိုကား​တွေက အရမ်းမှိုလို​ပေါက်​နေတာကိုး။ အားလုံးသိတဲ့အတိုင်းပဲ ဂျပန်ဆိုတာ Street Fashion ကို အရမ်းအ​လေးထားတဲ့နိုင်ငံ။ ဂိုဏ်းဘာညာဆိုတာကလဲ ​ပေါမှ​ပေါ။ တချိန်ကလဲ အားလုံးဖိန့်ဖိန့်တုန်​အောင်​ကြောက်ရတဲ့ ဆာမူရိုင်း​တွေဆိုကလဲ ဒုနဲ့​ဒေး။ အဲ့လိုဆို​တော့ ဒီ High&Low ဆိုတဲ့ ကမ္ဘာထဲက ဂိုဏ်း​တွေကြားက အားပြိုင်မှုဆိုတာက ကြည့်မ​​ကောင်းစရာအ​ကြောင်းကိုမရှိတာပါ။

0 comments:

Post a Comment