Heyy Babyy (2007)

Rating : 6.0/10
Country : India 
Genre :  Comedy, Drama 
Cast :   Akshay Kumar, Fardeen Khan, Riteish Deshmukh
Released Date : 2007
Duration : 2h 24min



အညွှန်း
အာယုရှ်မဲယာ တမ်မဲဂျိုဂလာ နဲ့ အဲလီဟေဒါ တို့ဟာ ဘဝကိုပေါ့ပေါ့ပါးပါး အလေးမထားဘဲနေတတ်တဲ့သူတွေပါ။ မိန်းမပွေတဲ့ဒီသုံးယောက်ဟာ ဆစ်ဒနီမှာတစ်အိမ်တည်းစုနေကြပါတယ်။ မနက်ခင်းတစ်ခုမှာတော့ သူတို့အိမ်ရှေ့မှာကလေးတစ်ယောက်ကိုစာတစ်စောင်နဲ့အတူပစ်သွားပါတယ်။ ဒါပေမဲ့လည်း အဲဒီကလေးဟာဘယ်သူ့ကလေးဆိုတာမသိခဲ့ပါဘူး။ သူတို့တွေလည်း ကလေးကိုကြိုးစားပြီးပြုစုစောင့်ရှောက်ပေးခဲ့ကြပါတယ်။ သို့ပေမယ့် ယောကျာ်းလေးတွေဖြစ်တာကတစ်ကြောင်း နဂိုထဲကပေါ့ပေါ့နေတတ်တဲ့လူတွေဖြစ်တာကတစ်ကြောင်း ကလေးကိုပြုစုတဲ့အခါအခက်အခဲတွေတွေ့ခဲ့ရတယ်။ ဒါကြောင့်မို့ တစ်နေ့မှာကလေးကိုဘုရားကျောင်းအနီးစွန့်ပစ်ခဲ့ကြတယ်။ အဲဒီနေ့မှာ မိုးသည်းခဲ့ပါတယ်။ သူတို့သုံးဦးအဲဒါကိုသတိပြုမိပြီးသွားပြန်ကြည့်တဲ့အခါမှာ ကလေးတစ်ကိုယ်လုံးရွှဲနစ်နေခဲ့တယ်။ သူငယ်ချင်းသုံးယောက်ဟာ ကလေးအပေါ်ကရုဏာသက်ဝင်ခဲ့ပြီး ဆေးရုံအရောက်သွားခဲ့ကြတယ်။ ဆေးရုံရောက်တဲ့အခါ ကလေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်လာခဲ့တယ်။ ကံကြမ္မာမျက်နှာသာပေးခဲ့လို့ကလေးကံကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ပြောင်းလာခဲ့တာတစ်ခုကတော့ ကလေးအပေါ်ထားတဲ့သူတို့ခံယူချက်ပါ။ ဒီလိုပြောင်းလဲဖို့ရာ သူတို့ဘာတွေသင်ခန်းစားရခဲ့လဲ။ ဒီကလေးရဲ့အဖေကရောဘယ်သူလဲ။ ဘာကြောင့်ကလေးကိုစွန့်ပစ်ခဲ့တာလဲ။ ဒီအကြောင်းတွေကိုတော့ Heyy Babyy ဇာတ်ကားလေးမှာ ဆက်လက်ပြီးရှုစားရမှာပါ။

0 comments:

Post a Comment