First Cow (2019)

 

Rating : 7.1/10
Country : United State
Genre : Drama
Cast : Alia Shawkat, John Magaro, Dylan Smith 
Released Date : 2019
Duration : 2h 2min

အညွှန်း
လယ်ကွင်းပြင်တစ်ခုမှာ ခွေးလေးတစ်ကောင်တူးရင်း အရိုးခေါင်းတစ်ခုပေါ်လာပါတယ်

ခွေးလေးရဲ့ပိုင်ရှင်ကောင်မလေးက ဆက်ပြီးတူးလိုက်တဲ့အခါမှာ ဘေးချင်းယှဉ်လျက်လှဲထားတဲ့နောက်အရိုးစုတစ်ခုကိုပါထပ်တွေ့ရပါတယ်

ဒီပိုင်ရှင်မဲ့အရိုးစုနှစ်ခုဟာဘယ်သူတွေလဲ ချစ်သူနှစ်ယောက်လား မိတ်ဆွေနှစ်ယောက်လေလား?

1820ဝန်းကျင်ကိုပြန်သွားလိုက်တဲ့အခါ တောအုပ်ထဲမှာ ဖျံမုဆိုးတစ်စုကိုတွေ့ရမှာပါ

ထမင်းချက်အဖြစ်ပါလာတဲ့ Cookie Figowitzကဟာ ညဘက်စခန်းချရင်း တောထဲမှာဒုက္ခရောက်နေတဲ့တရုတ်လူမျိုးတစ်ယောက်ကိုတွေ့ခဲ့ရပါတယ်

သူ့နာမည်ကKing-Luလို့အမည်ရပြီး ရုရှားမုဆိုးတွေရဲ့လက်ကထွက်ပြေးလာတာကြောင့် Cookieကကူညီပေးလိုက်ပါတယ်

ဖျံမုဆိုးတွေအုပ်စုခွဲပြီး ကိုယ့်နယ်ကိုယ်ပြန်ကြတဲ့အချိန်မှာ လွတ်လပ်သွားတဲ့Cookieဟာ အရက်ဝင်သောက်ရင်း King-Luကိုပြန်ဆုံမိပါတယ်

King-Luကလဲ နေစရာမရှိဖြစ်နေတဲ့ Cookieကိုခေါ်လာရင်း မုန့်ဖုတ်တတ်တဲ့Cookieက ကိတ်မုန့်ရောင်းဖို့အကြံရခဲ့ပါတယ်

အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ နွားနို့ကို မြို့သူကြီးဖြစ်တဲ့Factorရဲ့တစ်ကောင်ထဲသောနွားမဆီကခိုးပြီး

ကိတ်မုန့်ရောင်းရာ ရောင်းကောင်းလာပြီ Factorကကိုယ်တိုင်ကပါ လာဝယ်စားတဲ့အထိဖြစ်လာတဲ့အချိန်မှ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ကြရမှာပါ

0 comments:

Post a Comment