Escape (2012)

 

Rating : 6.0/10
Country : United State
Genre : Adventure, Drama, Thriller
Cast : Isabel Christine Andreasen, Ingrid Bolsø Berdal, Milla Olin
Released Date : 2012
Duration : 1h 18min

အညွှန်း
2012ခုနှစ်မှာထွက်ရှိထားတဲ့ ဒီကားကတော့ Adventure, Drama, Thriller အမျိုးအစားဖြစ်ပြီး IMDb rating (6) ရရှိထားပါတယ်။နော်ဝေးနိုင်ငံမှာ ကပ်ရောဂါကြီးပျံ့နှံ့မှုကြောင့် နိုင်ငံ့လူဦးရေတစ်ဝက်လောက် သေဆုံးကုန်ကြပါတယ်။ အသက်ရှင်နေသေးတဲ့သူတွေလဲ ဆင်းရဲမွဲတေပြီးငတ်ပြတ်နေကြပါတယ်။ဒီထဲမှာမှ “ဆစ်နယ်”တို့မိသားစုလေးယောက်ဟာ ပိုကောင်းမွန်တဲ့နေရာရှာဖွေဖို့ အန္တရာယ်တွေကြားက ခရီးဆက်လာကြပါတယ်။ခရီးလမ်းတစ်နေရာအရောက်မှာ လူတစ်စုပေါ်လာပြီး “ဆစ်နယ်”ရဲ့ မိဘနှစ်ပါးနဲ့မောင်လေးကို သူမ ရှေ့မှာတင် ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပါတယ်။”ဆစ်နယ်”ကိုတော့ သူတို့စခန်းဆီခေါ်သွားပြီး ဖမ်းချုပ်ထားပါတယ်။အဲဒီ့လူတစ်စုကိုခေါင်းဆောင်နေတဲ့သူက “ဒက်မာ”လို့ခေါ်တဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး သူ့မှာ “ဖရစ်”ဆိုတဲ့ မွေးစားသမီးလေးတစ်ယောက်ရှိပါတယ်။မွေးစားမိဘတွေနဲ့မတူဘဲ ကြင်နာတတ်တဲ့”ဖရစ်”က တခြားသူတွေမသိအောင် “ဆစ်နယ်”ကိုလွှတ်ပေးပြီး “ဒက်မာ”တို့အုပ်စုရန်ကလွတ်အောင် ထွက်ပြေးကြပါတော့တယ်။ဒီကားလေးထဲမှာတော့ စကားပြောခန်းများများမပါဘဲ ကောင်မလေးနှစ်ယောက်ရဲ့ ရန်သူ့လက်ကလွတ်မြောက်အောင် ထွက်ပြေးပုံတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ကြိုးစားပုံတွေကို တဝကြီးခံစားရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

0 comments:

Post a Comment