Ek Paheli Leela (2015)



Rating : 3.7/10
Country : India 
Genre :   Mystery, Romance, Thriller 
Cast :  Sunny Leone, Rahul Dev, Mohit Ahlawat
Released Date : 2015
Duration : 2h 25min


အညွှန်း
လန်ဒန်မှာကြီးပြင်းလာခဲ့တဲ့ လီလာဆိုတဲ့ ဓာတ်ပုံမော်ဒယ်က သူ့ရဲ့ဓာတ်ပုံအေဂျင်စီတစ်ခုနဲ့ အိန္ဒိယက ရှေးဟောင်းမြို့တစ်မြို့မှာ ဓာတ်ပုံရိုက်ဖို့ ထွက်လာကြပါ တယ်။
လီလာမှာ ထူးခြားချက်တစ်ခု ရှိပါတယ်။ အမြဲလိုလို ရှေးဟောင်းဂန္ထဝင်အိပ်မက်မျိုးတွေ မက်လေ့ရှိပြီး အဲဒီအိပ်မက်ထဲမှာ သူ့ကိုယ်သူ မင်းသမီးအဖြစ်မြင် မက်လေ့ရှိပါတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် ဒီမြို့ကိုရောက်တဲ့အချိန်မှာ နှစ်ပေါင်းအဆက်ဆက်က နေထိုင်လာခဲ့တဲ့ မင်းမျိုးအနွယ်ဝင်တွေနဲ့ ဆုံပါတယ်။ အဲဒီမင်းမျိုး အနွယ်တွေထဲက မင်းသားတစ်ပါး က လီလာကို ကြိုက်ပြီးလက်ထပ်လိုက်ပါတယ်။
လီလာလိုပဲ အိပ်မက်မက်နေတဲ့ နောက်ထပ်လူငယ်တစ်ယောက်ရှိပါသေးတယ်။ အဲဒီလူငယ်က ကရန်ဆိုသူဖြစ်ပြီးသူလည်းပဲ အိပ်မက်ထဲက မြို့တော်နဲ့ မင်းသမီးကို တွေ့ချင်တာကြောင့် လီလာရောက်နေတဲ့မြို့ကိုလိုက်လာပါတယ်။ သူမက်နေတဲ့အိပ်မက်တွကို သိဖို့ပဲ ဒီမြို့ ဟောင်းမှာနေရင်းနဲ့ အရင်ဘဝကို ပြန်သိရဖို့ ကြိုးပမ်းပါတယ်။
သူတို့နှစ်ဦးရဲ့အရင်ဘဝမှာတော့ လီလာနဲ့ ကရန်တို့က ဒီမြို့မှာ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ကရန်က ရုပ်တုဆရာကြီးတစ်ပါးရဲ့ တပည့်လက်ရင်းဖြစ်ပြီး တစ်ရက်မှာတော့ အဲဒီဆရာကြီးဆိုသူက လီလာကိုတွေ့ရာကနေ အရူးအမူးဖြစ်ပြီးလီလာရဲ့ ပုံတူ ရုပ်တုထုလုပ်ဖို့စီစဉ်ပါတယ်။ ဒီပုံတူထုဖို့အတွက် လူမသိစေချင်တာ ကြောင့် သူ့ရဲ့ ခန်းမဆောင်ထဲမှာ ရုပ်တု မပြီးမချင်းလီလာကို့ပေးမပြန်ဘဲ စိတ်ကြိုက်သွန်းလုပ်ပါတယ်။
တိုတိုပြောရရင် ရုပ်တုထုရင်းနဲ့ပဲ လီလာကိုသိမ်းပိုက်ဖို့ကြံရင်း နောက်ဆုံးမှာတပည့်ဖြစ်သူနဲ့ လီလာတို့ချစ်သူဖြစ်နေတာကို မကျေနပ်ရာကနေ နှစ်ယောက်စလုံးကို ဆရာကြီးကသတ်ပစ်လိုက်ပါတယ်။
ဒီမြို့ဟောင်းကို လူဝင်စား အနေနဲ့ ပြန်ရောက်လာတဲ့ သူတို့ ချစ်သူနှစ်ယောက်ရဲ့ ဘဝဟောင်း က ပုစ္ဆာတွေကို ဖြေရှင်းတဲ့ဇာတ် လမ်းဖြစ်ပါတယ်။ အပ်ကြောင်း ထပ်နေတဲ့ အိန္ဒိယလူဝင်စားကလဲ့ စားကားဖြစ်ပါတယ်။ အပျင်းပြေ ကြည့်ဖို့ပဲသင့်ပါတယ်။

0 comments:

Post a Comment