Bhaag Milkha Bhaag (2013)

Rating : 8.2/10
Country : India
Genre :    Biography, Drama, Sport
Cast :    Farhan Akhtar, Sonam Kapoor, Pavan Malhotra
Released Date : 2013
Duration :  3h 6min


အညွှန်း
၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပါတယ်။ အကုန်လုံးပျော်နေကြပေမယ့် မပျော်နိုင်တဲ့ လူမျိုးတစ်မျိုးရှိပါတယ်။ သူတို့ကတော့ ပန်ဂျပ် (Punjab) တွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတဲ့အခါ ပါကစ္စတန်က ပန်ဂျပ်ပြည်နယ်တစ်ခြမ်းကို တောင်းပါတယ်။ အင်္ဂလိပ်ကခွင့်ပြုလိုက်တဲ့အတွက် ပန်ဂျပ်ပြည်ဟာ နှစ်ခြမ်းကွဲပြီး တစ်ခြမ်းက အိန္ဒိယထဲမှာ၊ နောက်တစ်ခြမ်းကတော့ ပါကစ္စတန်ထဲရောက်သွားပါတယ်။ပါကစ္စတန်ပိုင်နက်ထဲရောက်သွားတဲ့ ပန်ဂျပ်တွေကို မွတ်စလင်ဘာသာ အတင်းပြောင်းခိုင်းပါတယ်။ မပြောင်းနိုင်တဲ့သူတစ်ချို့က ကိုယ့်လယ်ယာ၊ အိုးအိမ်တွေကိုစွန့်ပြီး အိန္ဒိယဘက်ခြမ်းကို ရွှေ့ကြပါတယ်။ ကိုယ့်မြေကိုမစွန့်နိုင်တဲ့သူတစ်ချို့ကတော့ ရရာလက်နက်စွဲပြီး တွန်းလှန်ကြပါတယ်။ အဲဒီလိုတိုက်တဲ့အခါ မေခါဆင်း (Milkha Singh) ဆိုတဲ့ ကောင်လေးရဲ့မိသားစုတစ်စုလုံး အသတ်ခံလိုက်ရပါတယ်။ တွယ်ရာမဲ့ဖြစ်သွားတဲ့ မေခါဆင်းတစ်ယောက် အိန္ဒိယဘက်ခြမ်းကို ပြေးရပြီပေါ့။ သူ့ဘဝဟာ အဲသလိုပဲ အပြေးနဲ့စခဲ့ရရှာပါတယ်။အရွယ်ရောက်လာတဲ့အခါ ဒီမေခါဆင်းလေးဟာ အိန္ဒိယစစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းပါတယ်။ တစ်နေ့ကျတော့ သူတို့တပ်မှာ အပြေးပြိုင်ပွဲတစ်ခုလုပ်ပါတယ်။ အဲဒီပြိုင်ပွဲဟာ တကယ်တော့ လူသစ်ရှာတဲ့ပွဲပါပဲ။ အခြေအနေကောင်းတဲ့သူတွေကို ရွေးပြီးတော့ လက်ရွေးစင်အပြေးအသင်းအတွက် လေ့ကျင့်ပေးမှာပါ။တပ်သားတွေ ဝင်ပြိုင်ချင်အောင် ဆာဂျင်ကြီးက မက်လုံးပေးပါတယ်။ ပထမဆုံးပန်းဝင်တဲ့သူ ၁၀ ယောက်ကို ကြက်ဥနှစ်လုံးနဲ့ နွားနို့တစ်ခွက်တိုက်ပါမယ်တဲ့။ ပြီးတော့ ဖက်ထိပ် (Fatigue) ၁၄ ရက် မလုပ်ရဘူးတဲ့။ မေခါဆင်းဟာ နွားနို့အရူးအမူးကြိုက်သူပါ။ ဒါကိုမက်ပြီး ဝင်ပြိုင်တာ ပထမရပါတယ်။ ဒီတော့ လက်ရွေးစင်အသင်းအတွက် သူ့ကိုပဲ ရွေးသွားပါတော့တယ်။
ဒါဟာ သူ့ဘဝအတွက်တော့ အကြီးမားဆုံး အပြောင်းအလဲတစ်ခုပါပဲ။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်တယ်ဆိုတာကို Bhaag Milkha Bhaag ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားလေးမှာ ကြည့်ကြရမှာပါ။

0 comments:

Post a Comment