Bachchan (2013)

Rating : 6.6/10
Country : India
Genre :   Action, Crime, Thriller
Cast :   Sudeep, Jagapathi Babu, Bhavana 
Released Date : 2013
Duration :  2h 25min

အညွှန်း
April 11, 2013 တွင် ရုံတင်ပြသခဲ့သော India Action အမျိုးအစား ဇတ်ကားဖြစ်ပါတယ်…
ဇတ်လမ်းပုံစံလေးကတော့ ဘချမ်း လို့ ခေါ်တဲ့ လူငယ်လေးဟာ အိမ်ခြံမြေ အကျိုးဆောင်ဖြစ်ပြီး
ဒေါသဖြစ်လွယ်ပြီး ရိုးသားဖြောင့်မတ်သူ မတရားဖြစ်လျင် မှန်သည့်ဘက်မှ ရပ်တည်ပေးသူဖြစ်ပါတယ်
ဘချမ်းမှာ အလွန်အင်မတန် ချစ်ရတဲ့ မိန်းကလေး ရှိပြီး အကျိုးဆောင်လုပ်ငန်းမှာ ဘချမ်း ရဲ့
လက်ထောက်အဖြစ်တာဝန်ယူဆောင်ရွတ်လျက်ရှိပါတယ်…
တစ်ရက်မှာ ဘချမ်း ဟာ အမှုသည်တစ်ယောက်အတွက် ရဲသွားတိုင်ရာ
ရဲမှူး မှ ဗေဒင် နှင့် ယတြာများ ရူးကြောင်ကြောင် ပြောဆိုလျက် ဘချမ်း အား စိတ်အနှောက်အယှက်
များစွာပေးပြီး အလွန်လောဘ ကြီးသောကြောင့် ရာဇဝတ်မှုများကို ပြုလုပ်မည့်သူဟု
ပြောဆိုလွှတ်လိုက်ပါတယ် ….
ဒေါသကြောင့် ကားမှန်ခွဲပြီး လက်ရှသွားလို့ ဆေးရုံသွားပြသောအခါ ဆေးရုံအုပ်မှ ဘချမ်းအား
သကြား နဲ့ အချို မစားရန် တားဖြစ်ထားပြီး စားပါက ဒုစရိုက်မှုများ ဖြစ်လာမည်ဟု ရဲက ပြောသည့်
အတိုင်း ထပ်မံ ချိန်းချောက်ပြောဆိုပြန်ပါတယ်…
အင်မတန် ဆိုးဝါးလွန်းသော နှောက်ယှက်ခြင်းမျိုးနဲ့ ဘချမ်း ၏ မင်္ဂလာဆောင်သို့
လာရောက်စွပ်စွဲ ဖမ်းစီးသော အခါ ဘချမ်း ၏ ချစ်သူသည် ရှက်လွန်းသဖြင့် မိမိကိုယ်ကို
အဆုံးစီရင်သွားသည် ထိုစိတ်ဖြင့် ဘချမ်းသည်လဲ စိတ်ရိုင်းဝင်ကာ ရူးသွားပြီး
ရဲများနှင့်ဆရာဝန်များ အားလုံးကို လိုက်လံသတ်ဖြတ်ပါတော့တယ်…
တကယ်တမ်း ထိုအကြောင်းရာများ၏ နောက်ကွယ်က အဖြစ်မှန်က ပိုစိတ်ဝင်စားဖို့ကောင်းပြီး
ဇတ်လမ်း အလယ်လောက်မှ ဇတ်ရှိန်တက်လာမှာပါ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်


 

0 comments:

Post a Comment