Wild Card (2015)



Rating : 5.6/10
Country : United State
Genre : Action, Crime, Drama
Cast : Jason Statham, Michael Angarano, Dominik Garcia 
Released Date : 2015
Duration : 1h 32min

အညွှန်း
Jason Statham ရဲ့ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗြိတိန်အသံထွက်လေးနဲ့ နားထောင်ရမှာနော်…အိုက်စ်. .

ဇာတ်လမ်းကတော့ လက်စ်ဗီးဂတ် က နစ်ခ်လို့ခေါ်တဲ့ နာမည်ကြီး ဘော်ဒီဂတ်တစ်ယောက်အကြောင်းပါ။ သူ့မြို့မှာ နာမည်ကြီးသလောက် အဲ့မြို့ကနေ ထွက်သွားချင်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ထွက်သွားဖို့အတွက်လိုအပ်တာကတော့ မန်းနီးပေါ့နော်။

တစ်နေ့မှာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က ဂိုးဒင်းနက်ဂတ် လို့ခေါ်တဲ့ဟိုတယ်တစ်ခုမှာ မဒိန်းကျင့်ခံရပါတယ်။ ဘယ်လောက်တောင်နှိပ်စက်လည်းဆိုရင် အရေးပေါ်ထိရောက်သွားပါလေရော။ ဇာတ်လမ်းရဲ့ Tempo ကဒီမှာ စတော့တာပါပဲ။ ကောင်မလေးကလည်း သူ့ကိုအကူညီတောင်းပြီး လက်တုံ့ပြန်ချင်ပါသတဲ့။ နစ်ခ်ကလည်း ကူညီပေးရင်းနဲ့မှ နောက်ဆုံးလက်တုံ့ပြန်ပြီးသွားတော့…. လူဆိုးဘက်က လိုက်သတ်တာခံရပါလေရော…

ပရိသတ်ကြီးရေ ဇာတ်လမ်းလေးရဲ့ ရသလေးကိုဘယ်လောက်တောင် ဖိုက်တင်ကောင်းကောင်းလေးနဲ့ ချပြသွားလည်းဆိုတာတော့ ဒီကားလေးမှာကြည့်ကြည့်လိုက်တော့နော်။

0 comments:

Post a Comment