The Techniques of Fighting 2 (2020)



Rating : 
Country : Korea
Genre :  Action
Cast : 
Released Date : 2020
Duration : 1h 35min

အညွှန်း
ကိုရီးယား ဖိုက်တင် အက်ရှင်ကားတွေကိုကြိုက်နှစ်သက်ကြတဲ့ပရိတ်သတ်ကြီးတွေအတွက် နောက်ထပ် ကျောင်းသားဖိုက်တင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကိုရီးယားကျောင်းသားတွေကြားမှာတော်တော်များကြုံတွေ့ရတဲ့ ကျောင်းသား အချင်းချင်း ကျောင်းတွေမှာ
ဖိုက်တင်မှာ အတော်ဆုံးဆိုတဲ့ဆရာကြီးဘွဲ့ကို လုရာကစပါတယ်။ဒေါ့ဆန်းကျောင်းမှာ ဖိုက်တင်အတော်ဆုံး ကျောင်းသားက ဂွန်းအူပါ။ဒါပေမယ့် သူကရန်ပွဲတစ်ခုမှ ရှုံးသွားလို့ ဆေးရုံတက်နေရတုန်းသူနေရာကို ဒေါ့ဆူဆိုတဲ့ ကျောင်းသားကြီးတစ်ယောက်က ဒေါ့ဆန်းကဆရာကြီးဘွဲ့ကို ဆက်ခံလိုက်ပါတယ်။အဲ့အချိန်မှာ ကျောင်းပြောင်းလာတဲ့ ဟော့ဆူဆိုတဲ့ကျောင်းသားကလည်းပြောရရင် ပွဲရှာနေတဲ့သူတစ်ယောက်ပါဒေါ့ဆန်းကျောင်းကဆရာကြီးဆိုတဲ့ ဘွဲ့ကိုလုဖို့ ဒေါ့ဆူကိုအနိုင်ယူလိုက်ပြီး ကျောင်းမှာ မင်းမူနေပြန်ပါတယ်။ကျောင်းသားတွေထုံးစံအတိုင်း တစ်ကျောင်းနဲ့တစ်ကျောင်းနယ်ကျော်တာတွေရန်စတာတွေကြောင့်လည်း ဒေါ့ဆန်းကျောင်းကတခြားကျောင်းက ကျောင်းသားတွေရဲ့ပစ်မှတ်လည်းဖြစ်လို့နေပြန်ပါတယ်။ကျောင်းသားအချင်းချင်း ဆက်ကြေးကောက်တာတွေအနိုင်ကျင့်တာတွေကို လက်ပိုက်ကြည့်မနေတတ်ပဲအမှန်တရားဖက်က ဝင်ပါရင်း အခန့်မသင့်ချိန်အလစ်တိုက်ခံရပြီး ဆေးရုံတက်နေရတဲ့ ဂွန်းအူတစ်ယောက်ဒေါ့ဆန်းကိုပြန်ရောက်လာတဲ့အချိန် ဖိုက်တင်အတော်ဆုံးကျောင်းသားတွေအကြားဗိုလ်လုပွဲတွေထပ်မံဖြစ်ပေါ်လာပါတယ်။ဒါ့အပြင် ကျောင်းတွေမှာမိုက်ကြေးကောက်ဆက်ကြေးယူပြီးနေနေတဲ့ လူမိုက် ကျောင်းသားတွေပါဒီရန်ပွဲမှာပါဝင်လာတဲ့ အခါ ဘာဆက်ဖြစ်မယ်ဆိုတာတော့ဖိုက်တင်ကြိုက်တဲ့ ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲကြည့်စေချင်ပါတယ်။ကျောင်းသား Actionဆိုတော့ပေါ့ပေါ့ပါးပါးနဲ့လူငယ်ဆန်ဆန်ရသကို ခံစားမိစေပြီးကြည့်ပျော်တဲ့ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ဒီကားကိုကြည့်ပြီး ကျောင်းသားဘဝကရန်ပွဲတွေအမှတ်တရတွေလည်းတဖန်ပြန်ခံစားမိမယ်လို့ ထင်ပါတယ်။တိုက်ကွမ်ဒို နည်းစနစ်ရဲ့ အသုံးဝင်ပုံနဲ့ အသုံးချပုံတွေကိုလည်းလေ့လာနိုင်ပါတယ်။ကျောင်းသားကားမျှော်နေတဲ့သူတွေ ကြည့်လို့အဆင်ပြေမယ့်ကားလေးတစ်ကားလို့ ညွှန်းချင်ပါတယ်

0 comments:

Post a Comment