The Runners (2020)



Rating : 4.4/10
Country : United State
Genre :  Action
Cast : Micah Lyons, Tom Sizemore, Glenn Morshower
Released Date : 2020
Duration : 1h 34min

အညွှန်း
လူတွေဟာနေ့စဥ်ဒုက္ခ‌တွေ သုခတွေနဲ့ကြုံတွေ့နေရပါတယ်။ အဲ့လိုဒုက္ခ​တွေထဲမှာ ​သေကွဲရှင်ကွဲ​တွေက အဆိုးဆုံးဖြစ်မယ်ထင်ပါတယ်။

ဒီကားထဲမှာ​တော့ ရိုင်ယန်ဆိုတဲ့အကိုတစ်​ယောက်က ငယ်စဥ်ထဲက မိဘ၂ပါး ဆုံးပါးသွားပီးနောက် အကိုကြီးအဖရာဆိုတဲ့အတိုင်း ညီမလေးဇိုဝီဆိုတဲ့၁၇နှစ်အရွယ်ညီမလေးကို အရမ်းချစ်ပီးမဖစ်သင့်တာ မဖစ်အောင် ထိန်းကျောင်းရင်း တစ်နေ့မှာလွတ်ထွက်သွားပီးနောက် သူ့ညီမဟာပါတီတစ်ခုကိုသွားရင်းနဲ့ လူကုန်ကူးတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။

ကူညီသလိုလိုနဲ့ ဒုက္ခမျိုးစုံပေးတတ်တဲ့ သူမမျိုးဆိုပိုမှန်ပါလိမ့်မယ်၊ အဲ့လိုနဲ့အကိုကြီးအဖရာအ​နေနဲ့ရိုင်ယန်က​ပျောက်သွားတဲ့ ညီမ​လေးကိုရှာ​ပေးဖို့ ရဲစခန်းကိုတိုင်​ပေမဲ့ အဖက်လုပ်မခံရတဲ့​နောက် သူငယ်ချင်း ကူတာနဲ့ရှာပုံ​တော်ထွက်ပါ​တော့တယ်။

ဇာတ်လမ်းအဆုံးမှာသူတို့ပြန်​တွေ့မလား? ဘာတွေကောဆက်ဖစ်မှာလဲ? ဘယ်သူ​တွေက​ကောဘယ်လို​တွေဖြစ်ကြမလဲ?

ဒီဇာတ်လမ်းမှာ အ​ရောင်စုံလူ​တွေရဲ့စိတ်ထား​တွေ အကုန်ကိုလှလှပပရိုက်ပြထားပီး လူ​တွေရဲ့ရက်စက်မှု​ကြောက်စရာ​ကောင်းမှု ​သနားစရာအကိုတစ်​ယောက်ရဲ့ပူ​ဆွေးမှု အကူအညီမဲ့​နေတဲ့ညီမတစ်​ယောက်ရဲ့ တမ်းတမှု​ကြောက်ရွံ့မှု ပြန်​ပေးသမားတစ်​ယောက်ရဲ့ရက်စက်မှု အကုန်လုံးကိုလှလှပပရိုက်ပြထားပါတယ် …

0 comments:

Post a Comment