The Last Emperor (1987)



Rating : 7.7/10
Country : China
Genre : Biography, Drama, History 
Cast : John Lone, Joan Chen, Peter O'Toole 
Released Date : 1987
Duration : 2h 43min

အညွှန်း
နောက်ဆုံး ဧကရာဇ်တဲ့ . . .
နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းကြာခဲ့တဲ့ တရုတ်ပြည်ကြီးရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးမှာကျိန်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ပုယီ၊ အသက် ၃နစ်သားကတည်းက နောက်ကွယ်က ကြိုးကိုင်ချင်တဲ့လူတွေကြောင့် ရင်ခွင်ပိုက် ဧကရာဇ်ဖြစ်လာခဲ့တယ် ။ နောက်တော့ သမ္မတနိုင်ငံခေတ်မှာအဆောင်အယောင်တွေ မစွန့်လွှတ်ရပေမယ့် ထီးနန်းတော့ စွန့်လွှတ်ခဲ့ရပြီ ။  အချိန်ကတော့တရုတ်ပြည်တခုလုံး စစ်ဘုရင်တွေ အာဏာပြိုင်လုနေတဲ့အချိန်ပေါ့ ။ တရုတ်ပြည်ကြီးရဲ့အကြောင်းတော့ မဆိုထားနဲ့ နန်းတော်အပြင်ဘက်လေးမှာတောင် ဘာဖြစ်လို့ ဖြစ်မှန်း သိခွင့်မရတဲ့ ပုယီ ။ဆရာ ရယ်ဂျီနယ်ဖလီးမင်းဂျွန်စတန် ရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ပုယီ ။ ကိုယ့်ကြင်ယာတော်ကိုတောင် ကိုယ်ရွေးခွင့် မရှိတဲ့ပုယီ။ ဂျပန့်လက်အောက်ခံ မန်ချူးကိုး ဧကရာဇ် ပုယီ ။ ၁၉၅၀အလွန်မော်စီတုန်းခေတ်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းက အကျဥ်းသား ပုယီ ။ အရင်က ဧကရာဇ်ဆိုပေမယ့်အခုတော့ သူလိုကိုယ်လို ပုယီ ။ ယဥ်ကျေးမှုတော်လှန်ရေးခေတ်က ပုယီ ။ အီတလီဒါရိုက်တာကြီးဘာနာဒို ဘာတိုလူချီက ရိုက်ကူးထားပြီး အရွယ်ရောက် ပုယီအဖြစ် မင်းသားကြီး ဂျွန်လုံးက ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ပြသချိန်ကလည်း ၃နာရီနဲ့ မိနစ် ၄၀ လောက်တောင်ဆိုတော့ တဝကြီးကြည့်ရှုရမှာ ဖြစ်ပါတယ်ခင်ဗျာ ။

0 comments:

Post a Comment