Rating : 6.6/10
Country : India
Genre : Biography, Drama, History
Cast : Aamir Khan, Rani Mukerji, Toby Stephens
Released Date : 2005
Duration : 2h 30min
Country : India
Genre : Biography, Drama, History
Cast : Aamir Khan, Rani Mukerji, Toby Stephens
Released Date : 2005
Duration : 2h 30min
အညွှန်း
တော်လှန်ရေးဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဒီဇာတ်ကားလေးဟာ အိန္ဒိယစစ်သားတစ်ဦး၏ အမျိုးသားရေးစိတ်ဓာတ်ကို မီးမောင်းထိုးပြထားပြီး ငုပ်လျှိုး နေတဲ့ သခင်စိတ်ကို တပ်လှန့်စေခဲ့ပါတယ်။ မြန်မာပြန်ရရင် အရုဏ်ဦးချိန် သို့မဟုတ် ပြောင်းလဲသင့်ချိန်လို့လည်း ညွှန်းဆိုလို့ရနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်း ————- မန်ဂဲလ်ပန်ဒေး ဆိုတဲ့စစ်သားလေးဟာ ြှဗိတိသျှအင်ပါယာ အောက်မှာအမှုထမ်းနေသူပါ။ သူတို့ရဲ့ ကပ္ပတိန်ကတော့ ဝီလီယံ ဂိုဒွန် ဆိုသူပါ။ ပန်ဒေးနဲ့ ဂိုဒွန်ဟာ ဆရာတပည့် ဖြစ်သလို သူငယ်ချင်းကောင်းလည်းဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ခင်မင်ရင်းနှီး စွာနဲ့ လူမျိုးရေး မခွဲခြားဘဲ ယုံကြည်လေးစားခဲ့ကြတယ်။ ထို့အပြင် အတိတ်ရဲ့တိုက်ပွဲတစ်ခု၌လည်း ပန်ဒေးဟာ ဂိုဒွန်အသက်ကို ကယ်တင်ခဲ့ဖူးပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ပန်ဒေး တို့တပ်ဆီ ရိုင်ဖယ်အသစ်တွေနဲ့ ယမ်း အသစ်တွေ ရောက်ရှိ လာခဲ့ပါတယ်။ အဲဒီအခါ အရာရှိတွေက ပန်ဒေးတို့ကို စမ်းသပ်အသုံးပြုဖို့ အမိန့်ပေးပါတယ်။ တကယ်တမ်းတော့ ယမ်းနဲ့ရိုင်ဖယ်ကို အသုံးပြုရာမှာ ယမ်းထုပ်ကို ကိုက်ဖြေပြီးမှ ယမ်းမှုန့်ထည့်ရမည်ဖြစ်သည်။ထိုယမ်းအိတ်များမှာ နွားနဲ့ဝက် ဆီတို့ဖြင့် သတင်းထွက်ပေါ်ခဲ့ပြီး ပန်ဒေးတို့ ဇာတ်မြင့်ဘုန်းကြီးမျိုးနွယ်များအနေဖြင့် နွား ဟူသော အသုံးအနှုန်း နှင့် ကင်းကွာစေချင်ကြသည်။ ဇာတ်ပျက်မှာလည်း စိုးရိမ်ကြပြီး စမ်းသပ်မှုမပြုခဲ့ကြပေ။ စမ်းသပ်မှု ပြုလုပ်ရန် စိုင်းပြင်းနေသော အရာရှိများကမူ ကပ္ပတန် ဂိုဒွန်ကို လိမ်ညာ အမိန့်ပေးစေခဲ့သည်။ထိုအခါ ဂိုဒွန်ကိုယုံကြည်သော ပန်ဒေးအနေဖြင့် မတွန့်ဆုတ်တော့ဘဲ စတင်စမ်းသပ်ပြခဲ့သည်။ အင်္ဂလိပ်တို့သည် အိန္ဒိယ ပြည်ကို နှစ်တစ်ရာတိုင် သိမ်းပိုက်ထားပြီး ကုမ္ပဏီ များကလည်း အိန္ဒိယ ပြည်သူများအား ဘိန်းစိုက်စေခဲ့သည်။ ဘိန်း များကိုမူ တရုတ်သို့တင်ပို့သော်လည်း တရုတ်အစိုးရက ကန့်ကွက်သည့်အတွက် တိုက်ပွဲများဖြစ်ပွားခဲ့သည်။အရာရှိများအနေဖြင့် အိန္ဒိယ စစ်သားများကို တိုက်ပွဲ၏ ပေးဆပ်ခံဝိညာဉ်အဖြစ်သဘောထားခဲ့သည်။ တစ်နေ့၌ ဗြိတိသျှအစိုးရ၏ အရာရှိတစ်ဦးရောက်ရှိလာပြီး ဘိန်းရောင်းဝယ် ဖောက်ကားသည့် ကုမ္ပဏီ များကိုအရေးယူခဲ့သည်။ ဘိန်းစိုက်ပေးရသည့်ပြည်သူများကိုလည်း လယ်သိမ်း အရေးယူခဲ့သည်။ထိုနှင့်မပြီး တော်လှန်သော အိန္ဒိယ လယ်သမားများကိုလည်း အိန္ဒိယ စစ်သားများက ပစ်ခတ်စေခဲ့သည်။ ထိုအချင်းအရာများကို မြင်တွေ့ရသော ပန်ဒေးအဖို့ မျိုးချစ်စိတ် အနည်းငယ်ထွန်းပေါက်လာသည်။ များမကြာမီ၌ ပန်ဒေးအဖို့ သတင်းဆိုးတစ်ခုက အရှိုက်ကိုရိုက်ချလိုက်သည်။ ယမ်းထုတ်လုပ်သော ကုမ္ပဏီ က နွားနဲ့ဝက် အကြောင်း ဝန်ခံလိုက်လေရာ —–?????ဒီဇာတ်ကားလေးရဲ့ အသက်ကတော့ ယမ်း အသုံးပြုရခြင်းပါပဲ။ ယမ်းသုံးရာမှ ဇာတ်နိမ့်ဖြစ်သွားသော ပန်ဒေး တစ်ယောက် ဘာတွေဖြစ်လာခဲ့မည်နည်း။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်ခင်မင်တဲ့ ဂိုဒွန် နဲ့ ပန်ဒေး တို့ဆက်ဆံရေးက မည်သို့ဖြစ်လာမည်နည်း။ ဇာတ်နိမ့် ဖြစ်သွားသော ပန်ဒေးအဖို့ ဇာတ်နိမ့် ကချေသည်လေး ဟီရာနဲ့ တွေ့ဆုံချစ်မိပုံလေးကရော မည်သို့နည်း။ ယမ်း ကိစ္စကြောင့် အိန္ဒိယ တပ်သားများနှင့် ပန်ဒေးတို့ အမျိုးသားရေးစိတ်ဓာတ်နိုးကြားလာပုံက အိန္ဒိယ လွတ်လပ်ရေးအတွက် မည်သို့ ပြောင်းလဲစေခဲ့မည်နည်း။ အိန္ဒိယ ပြည်သား အနေနဲ့ သခင်စိတ်ပေါက်ဖွားခဲ့သော ပန်ဒေးရဲ့ ဘဝကြမ္မာကရော မည်သို့ဖြစ်လာမည်နည်း။ အစရှိတဲ့ စိတ်ဝင်စားဖွယ်အချက်များက ဇာတ်လမ်းအသွားအလာကို အထောက်အပံံ့ ဖြစ်လာစေခဲ့ပါတယ်။
ဒါ့ပြင် သူငယ်ချင်း မေတ္တာ ၊ အချစ်ရဲ့စွမ်းအား တို့ကို သခင်စိတ် ကျွန်ဘဝ လွတ်မြောက်တို့ကပါ ပူးပေါင်းတင်ဆက်စေသည့်အခါမှာတော့ ဒီဇာတ်ကားလေးဟာ ကြည်နူးဖွယ် လွမ်းမောဖွယ် နိုးကြားဖွယ် ကောင်းလာခဲ့သည်။ ဒါကြောင့် ပြောင်းလဲချိန်တန်တဲ့ စိတ်ဓာတ်တွေနဲ့ အိန္ဒိယပန်ဒေးရဲ့ ဘဝကိုပါ တစေ့တစောင်းကြည့်ရှုနိုင်ဖို့ ဒီကားလေးကို အားပေးကြပါဦးလို့ ညွှန်းဆိုလိုက်ပါရစေ။
0 comments:
Post a Comment