Casablanca (1942)



Rating : 8.5/10
Country : United State
Genre :  Drama, Romance, War 
Cast : Humphrey Bogart, Ingrid Bergman, Paul Henreid
Released Date : 1942
Duration : 1h 42min

အညွှန်း
ခင်ဗျားတို့ဘဝမှာ လုံးဝမမေ့နိုင်လောက်အောင်ချစ်ခဲ့ရတဲ့သူပြီးရင် အဲ့ဒီလူအတွက် ဘာမဆိုပေးဆပ်ရဲအောင်ချစ်ခဲ့ပြီးမှ စွန့်လွှတ်လိုက်ရတာမျိုးကြုံဖူးလား‌ဗျ
ဒါဆိုရင်တော့ ဒီဇာတ်ကားက ခင်ဗျားတို့နဲ့တော်တော်တူသွားပါပြီ ဇာတ်ကားနာမည်ကCasablanca ပါလူတော်တော်များများက Casablanca ဆိုတဲ့နာမည်ကိုကြားဖူးကြမှာပါ အဲ့သီချင်းက အဓိပတိလမ်းမထက်ကခြေရာများဆိုတဲ့သီချင်းရဲ့ မူရင်းသီချင်းဖြစ်ပြီး Bertie Higgins သီဆိုထားပါတယ်အဲ့ဒီ့သီချင်းထဲမှာmovieထဲကAs Time Goes By ဆိုတဲ့ theme song နာမည်ကိုထည့်ဆိုထားသလို movie scriptဖြစ်တဲ့A kiss is just a kiss in Casablancaဆိုတာကိုလည်းထည့်ဆိုထားပါသေးတယ်ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံပြီးရိုက်ထားတာပါ နိုင်ငံရေးနဲ့ အချစ် ရောပြွန်းထားတဲ့ဇာတ်ကားပုံစံပေါ့ဒါပေမယ့်လည်း G(old)ဟောင်းပေမယ့် ကောင်းနေဆဲပါပဲရစ်ခ် နဲ့ အယ်လ်ဆာ ဟာParisမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်အရမ်းကိုရိုမန့်ဆန်တဲ့ချစ်သူနှစ်ယောက်ပါ သူတို့နှစ်ဦးစန္ဒရားသမားကိုတီးခိုင်းပြီး အမြဲနားထောင်လေ့ရှိတဲ့သီချင်းတစ်ပုဒ်က As Time Goes By ဆိုတဲ့သီချင်းပါပဲဝေးကြဖို့ အကြောင်းကဖန်လာတော့ ပြင်သစ်မှာနိုင်ငံရေးအခြေအနေကြောင့် ရစ်ခ် ကအယ်လ်ဆာနဲ့အတူထွက်ပြေးဖို့စီစဉ်ထားတာကို အယ်လ်ဆာ ဟာရောက်မလာခဲ့ပါဘူးအဲ့ဒီ့ကနေ ရစ်ခ် က Moroccoနိုင်ငံကိုထွက်သွားပြီးCasablanca မြို့မှာ ဘားတစ်ခုဖွင့်လို့အတည်တကျဖြစ်နေခဲ့ပါပြီ တစ်နေ့မှာတော့ မမျှော်လင့်ဘဲအဲ့ဒီ့ဘားကို အယ်လ်ဆာ နဲ့ သူ့အမျိုးသား ဗစ်တာတို့ရောက်ချလာပါတယ် အယ်လ်ဆာ က ဘားမှာစန္ဒရားအတီးကျွမ်းတဲ့ ဂီတသမား ဆမ် ကို‌ပြန်တွေ့လိုက်တော့ သီချင်းတစ်ပုဒ်တောင်းပါတယ်အဲ့သီချင်းကAs Time Goes By ပါသူတို့တွေပြန်ဆုံသွားကြတဲ့အခါဘယ်လိုတွေဖြစ်ကြမလဲ အယ်လ်ဆာကရော ဘယ်သူ့ကို ပိုချစ်တာလဲ ဘာကြောင့်ရစ်ခ် နဲ့အတူထွက်သွားဖို့မလာခဲ့တာလဲနိုင်ငံရေးအကျဉ်းအကျပ်တွေကြားမှာ သူတို့ ၃ ဦးရဲ့ချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်မှာလဲ ကြည့်ရှုခံစားရမှာပါအရမ်းကိုကောင်းတဲ့ဇာတ်ကားမလို့ကြည့်ရှုပြီးခံစား ပေးကြပါအုံးနော်

0 comments:

Post a Comment