Rating : 4.4/10
Country : India
Genre : Musical, Drama, Romance
Cast : Hrithik Roshan, Jackie Shroff, Kareena Kapoor
Released Date : 2001
Duration : 2h 51min
Country : India
Genre : Musical, Drama, Romance
Cast : Hrithik Roshan, Jackie Shroff, Kareena Kapoor
Released Date : 2001
Duration : 2h 51min
အညွှန်း
ပါဝင်သော သရုပ်ဆောင်များကတော့ မင်းသမီးချော ကရီနာကပူရ် ၊ မြန်မာပြည်အခေါ် လက်ပွားမင်းသားလို့ လူသိများကြတဲ့ ရစ်သစ်ရော်ရှန် ၊ လက်ရှိနာမည်ကြီးနေတဲ့ ကမ္ဘာကို သိမ်းမယ့် Baaghi 3 😜
ဇတ်ကားမှာ ပါဝင်ထားတဲ့ တိုက်ဂါးရှော့ဖ်ရဲ့ အဖေ ဂျက်ကီရှော့ဖ်
တို့က အဓိက ပါဝင်ထားသော မိသားစု အချစ်ဒရာမာ ဇတ်ကားကောင်းဖြစ်ပါတယ်
ဒီ ဇာတ်လမ်းကတော့ အင်္ဂလန်မှာ သွားရောက်နေထိုင်တဲ့ အိန္ဒိယလူမျိုး မိသားစုတစ်စု အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်
ဖခင်ဖြစ်သူက အလုပ်လုပ် မိခင်ဖြစ်သူက သမီးသုံးယောက်နဲ့ အနီးကပ်နေထိုင်ခဲ့ပေမယ့်
မိခင်ဖြစ်သူ မတော်တဆသေဆုံးသွားတဲ့အခါ ဖခင်ဖြစ်သူနဲ့ သမီးသုံးယောက် အဆင်ပြေပြေနေနိုင်ကြပါ့မလား?
သူတို့မိသားစုနဲ့ ငယ်ငယ် လေးထဲကခင်ခဲ့ပြီး မောင်နှမတွေလို ဖြစ်နေတဲ့
လူချမ်းသာမိသားစုက ကောင်လေး ရိုနစ်
သမီး သုံးယောက်ရဲ့ မတူညီတဲ့စရိုက်တွေနဲ့ ဖခင်ဖြစ်သူနဲ့ အဆင်ပြေပါ့မလား?
မိခင်ဖြစ်သူရဲ့ နောက်ဆုံးမှာကြားသွားတဲ့စကားတွေကို သူတို့နားထောင်နိုင်ပါ့မလား?
အဆင့်အတန်းတွေကွာခြားပေမယ့် ချစ်မိသွားခဲ့ကြတယ့်
ရိုနစ်နဲ့အီရှာတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲ?
သမီးတွေနဲ့ ဖခင်ကြားက ချစ်ခြင်းမေတ္တာအပါအဝင်
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို လူငယ်လေးတွေက ဘယ်လိုတွေဖြေရှင်းကြမှာလဲ ဆိုတာကို ပညာသားပါပါရိုက်ကူးထားတဲ့ ကြည့်ကို ကြည့်ရှုသင့်တဲ့ old but gold ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်
0 comments:
Post a Comment