Raajakumara (2017)



Rating : 7.9/10
Country : India
Genre :  Action, Drama 
Cast : Puneeth Rajkumar, Priya Anand, Sarath Kumar 
Released Date : 2017
Duration : 2h 28min

အညွှန်း
စိတ်ကောင်းနှလုံးကောင်း ရှိတဲ့
မိဘမဲ့အာပူးကို သူဌေးဇနီးမောင်နှံက
သြစတေးလျကို ခေါ်ပြီး မွေးစားတယ်၊
ပညာသင်ပေးတယ်၊အရွယ်ရောက်လာတော့ ဖခင်ကြီးရဲ့ ဆေးကုမ္ပဏီမှာ အာပူး အလုပ်ဝင်တယ်။
ဖခင်ကြီးဟာ အလှူအတန်းရက်ရောသူ ဖြစ်တာကြောင့် အိန္ဒိယကို မကြာမကြာပြန်ပြီး ဆေးဝါးလိုအပ်နေတဲ့ ဒေသတွေမှာ အခမဲ့ဆေးဝါး ဖြန့်ပေးတယ်။
အာပူးကိုလည်း သူ့အရိုက်အရာကို ဆက်ခံစေချင်တယ်၊အာပူးဟာ သြဇီကိုရောက်လာတဲ့ အိန္ဒိယသူလေး နန်ဒီနီနဲ့ ချစ်ကြိုက်မိတယ်။
ဒီအချိန်မှာပဲ နန်ဒီနီဟာ သူ့ဖခင်နဲ့ သူ့ဖခင်ရဲ့ ငယ်သူငယ်ချင်းတို့ ငယ်ငယ်ကတေည်းက ပေးစားဖို့
လူကြီးချင်း သဘောတူထားတဲ့
ကောင်မလေးဖြစ်နေတာကို
သိလိုက်ရတယ်။ အာပူးဘဝဟာ အရာရာ လှပလို့. . .ပေါ့. . .

ဒါပေမယ့် တစ်နေ့တော့
ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးထွက်သွားတဲ့
သူ့မိသားစုဝင်တွေ အားလုံး.. .
လေယာဉ်ပျက်ကျမှုကြောင့် သေကုန်ကြတယ်။
တစ်ဆက်တည်းမှာပဲ ဖခင်ကြီး ပေးဝေခဲ့တဲ့ ဆေးတွေကြောင့် အိန္ဒိယမှာ ကလေးပေါင်းများစွာ
သေဆုံးနေတဲ့အကြောင်းပါ ကြားလိုက်ရတယ်။
အရာရာချောမွေ့နေချိန်ကျမှ ရုတ်တရတ် ဒီလိုအဖြစ်ဆိုးကို ကြုံလိုက်ရတဲ့ အာပူးဟာ. . .ငယ်ဘဝက နေထိုင်ခဲ့ဖူးတဲ့
အမိမြေက မိဘမဲ့ဂေဟာ တစ်ဖြစ်လဲ
ဘိုးဘွားရိပ်သာဆီကို ပြန်ရောက်သွားတယ်. . .

ဒီအချိန်မှာပဲ
ဘိုးဘွားရိပ်သာ မြေကို အပိုင်သိမ်းဖို့ ကြိုးစားနေတဲ့ လူမိုက်တွေရယ်. . .
အိန္ဒိယကလေးငယ်တွေကို ပေးခဲ့တဲ့ ဆေးတွေဟာ ဘယ်လိုကြောင့် ဘေးထွက်ဆိုးကျိုးနဲ့ ကြုံတွေ့ရသလဲဆိုတာကို
အာပူးတစ်ယောက်
အဖြေရှာဖို့ ကြိုးစားပါတော့တယ်. . .

Kannada မင်းသားတွေထဲမှာ Puneeth Rajkumar ဟာလည်း အောင်မြင်နေတဲ့ မင်းသားဖြစ်ပါတယ်
အရှေ့မှာ တင်ပေးခဲ့တဲ့ Anjani Putra လို
ဖိုက်တင်အကြမ်းစားတွေနဲ့ ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေရဲ့ မေတ္တာတရားကို ဒီကားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်

0 comments:

Post a Comment