Penguin (2020)



Rating : 5.3/10
Country : India
Genre :  Drama, Mystery, Thriller 
Cast : Keerthy Suresh, Linga, Madhampatty Rangaraj 
Released Date : 2020
Duration : 2h 16min

အညွှန်း
တမီးလ်ကားတွေထဲ ဖိုက်တိုင်အက်ရှင်တွေနဲ့ မတူ ကွဲပြားနေတတ်တဲ့ ဇာတ်ကားကောင်းမျိုးတွေ ကြည့်ဖူးကြမှာပါ။ဒီကားလည်း ထိုနည်းအတိုင်းပါပဲ။ သားအမိ(၂)ယောက်ရှိတယ်…မိခင်ဖြစ်သူဟာ သားလေးကိုအရမ်းချစ်တယ်…သူတို့သားအမိရဲ့ ဆုံတွေ့မှုဟာ ကြာကြာမခံပါဘူး…
ကလေးသူခိုးတစ်ယောက် သူမရဲ့သားလေးကို ခိုးယူသွားတယ်…သဲလွန်စအနည်းငယ်တော့ချန်ခဲ့တယ်….ဒီသဲလွန်စလေးဟာ သားဖြစ်သူကို ပြန်ရှာဖို့လုံလောက်တဲ့ အချက်အလက်တော့မဟုတ်ဘူး…ဒါပေမယ့် မိခင်ဖြစ်သူဟာ သူ့သားကိုတစ်နေ့ပြန်တွေ့ရမယ်ဆိုပြီးနေ့စဉ်နဲ့အမျှကြိုးစားရှာဖွေတယ်…ဒီလိုနဲ့တစ်နေ့မှာတော့…ပေးလိုက်တဲ့ သဲလွန်စအနည်းငယ်ဟာ  ကလေးကိုတွေ့ဖို့ လမ်းစဖြစ်လာတယ်…အဲ့ဒီနောက်ပိုင်းမှာတော့….ဒီကားက  စိတ္တဇလူသတ်သမားဇာတ်ကားကောင်းတစ်ကားပါပဲ။စိတ်ဝင်စားစရာ အချက်တွေ အညွန်းထဲ ထည့်ရေးပြချင်ပေမဲ့ ဇာတ်လမ်းတစ်ချို့တစ်ဝက်ကိုဖော်ပြသလိုဖြစ်မှာစိုးတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါရစေဗျာ။

0 comments:

Post a Comment