Paper Towns (2015)

Rating : 6.3/10
Country : United State
Genre :  Comedy, Drama, Mystery 
Cast : Nat Wolff, Cara Delevingne, Austin Abrams
Released Date : 2015
Duration : 1h 49min

 ဒီဇာတ်ကားလေးကတော့ Victoria Secret ရဲ့စူပါမော်ဒယ်Cara Delevingne ရဲ့ပန်ကာအကြီးစားတွေအတွက်ပါ…သူသရုပ်ဆောင်ထားတဲ့မူဗီလည်းနည်းတာမို့ fanတွေသိမ်းထားလို့ရအောင်ပါ…Suicide Squadတုန်းကသူ့ကိုသိပ်မမြင်လိုက်ရလို့အားမရဘူးဆိုရင် ဒီကားလေးမှာဝအောင်ကြည့်လို့ရပါမယ်
ပြောသာပြောရတာဒီကားမှာလည်းCara(မာဂို)ကအိမ်ပြေးရယ် …ဇာတ်လမ်းကတော့… လောကကြီးကိုထူးထူးဆန်းဆန်းတွေရှုမြင်ပြီးအိမ်ကနေပျောက်ပျောက်သွားတတ်တဲ့ကောင်မလေးတစ်ယောက်(မာဂို)ရယ်မျက်စောင်းထိုးအိမ်ကသူ့ကိုCrush နေတဲ့ကောင်လေး(Q)ရယ်ရှိတယ်ပေါ့…မာဂိုဟာသူပျောက်သွားခါနီးကျရင်သဲလွန်စလေးတွေထားထားပေးတတ်တဲ့အကျင့်ရှိသူပါဒါမှသူ့ကိုစိတ်မပူရအောင်တဲ့လေ…ဒီလိုနဲ့ ရိုးရိုးသားသားနေတတ်တဲ့လူလိမ်မာကောင်လေးခမျာမာဂိုကိုကြိုက်မိခါမှ မာဂိုရဲ့Partner in Crimeတွေဖြစ်လို့ဖြစ်ပေါ့…တစ်နေ့မှာတော့ မာဂိုအိမ်ကနေထုံးစံအတိုင်းပျောက်သွားပြန်ပါတယ်…ပျောက်တာရိုးရိုးမပျောက်ဘဲ ကောင်လေးအတွက်သဲလွန်စလေး ထားခဲ့ပြန်ရော…ဒီတစ်ခါတော့မာဂိုဟာလုံးဝပြန်မလာတော့မယ့် အရိပ်အယောင်ရှိလာတာကြောင့်Qနဲ့သူ့ဘော်ဒါတစ်သိုက်ဟာ မာဂိုသဲလွန်စတွေနောက်လိုက်ပြီးရှာဖို့လုပ်ကြပါတယ်…တစ်ဖက်မှာလည်း သူ့သူငယ်ချင်းတွေအသဲအသန်တက်ချင်နေတဲ့ကျောင်းကပွဲကလည်းရှိနေတဲ့အခါအချိန်တိုအတွင်းဘယ်လိုတွေစီစဉ်ပြီးခရီးထွက်ခဲ့ကြသလဲ…မာဂိုကရောQခွက်တာကိုပြန်ကြိုက်ပါ့မလား…လူလိမ်မာကျောင်းသားလေးတွေမာဂိုကိုရှာဖို့အတွက်ဘယ်လိုတွေဘရုတ်ကျခဲ့ရသလဲ …စတာတွေနဲ့အတူ အထက်တန်းကျောင်းသားအရွယ်ဆယ်ကျော်သက်ဘဝကိုပေါ့ပေါ့ပါးပါးပုံဖော်ရင်းကိုယ်ပုံမှန်ဆိုသတိမထားမိနိုင်တဲ့ စဉ်းစားစရာအတွေးတွေကိုလည်းချပြသွားခဲ့ပါတယ်…Caraသရုပ်ဆောင်ရတဲ့မာဂို့ဇာတ်ရုပ်လေးဟာလည်းစိတ်ဝင်စားစရာမို့ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားလို့ပြောလို့ရပါတယ်…

0 comments:

Post a Comment